နတ်ဆိုးရဲ့နှောင်ကြိုး

446 52 0
                                    

နတ်ဆိုးရဲ့နှောင်ကြိုး  Chapter 9 .. 🗡️🗡️🗡️

" ငါတို့တွေ အချိန်တခုထိ
ခြေယာဖျောက်နေမှဖြစ်မယ် ..  "

နာအိုမီစကားကြောင့် ယာမာဆာကီ
ဂိုဏ်းတခုလုံး လှုပ်လှုပ်သဲသဲ
ဖြစ်သွားကြတယ် .

" မဒမ် !

" ဟုတ်တယ် Lhong ငါတို့ဂိုဏ်းတွေ
အရင်လိုထင်ထင်ရှားရှား အလုပ်လုပ်လို့
မရတော့ဘူး

အထက်လူကြီးပိုင်းတွေ အပြောင်းအလဲမှာ
ငါတို့ ဂိုဏ်းတွေကိုလည်း အသဲအသန်
ထိန်းချုပ်နေကြတယ် ..

အရင်လို လွတ်လွတ်လပ်လပ် လုပ်ခွင့်
မရတော့ဘူး  ..
အဲဒါကြောင့် ဂိုဏ်းထဲက
တချို့ အလုပ်တွေ ဖျက်သိမ်းလိုက်ပြီ ..

မင်းတို့လည်း ထိုက်သင့်တာ ယူပြီး
ခြေယာဖျောက်ကြ တော့  .. "

ဒီတစ်ခါတော့ သူ့တို့ဂိုဏ်းတွေ ဘယ်လိုမှ
မလွယ်တော့ဘူးဆိုတာ..
Lhong  သဘောပေါက်လိုက်တယ် ..

ဒါဆို Tharn ရော ဘယ်လိုလုပ်မလည်း ..

ဂိုဏ်းထဲမှာ အတူတူ ရှိတုန်းကတော့
ကြည့်မရသလို သတ်ချင်သလို
ဖြစ်နေပေမယ့်

ခုလို ဖြစ်ချိန်မှာတော့
Lhong စိတ်ကောင်းလေးဖြစ်သွားမိတယ် ..

ပြီးတော့ Tharn က သူ့ထက် ရန်သူ
ပိုများတယ်လို့Lhong ထင်မိတယ် ..

" Tharn ကို Lhong မင်းသွားပြောလိုက် "

သူတို့ဂိုဏ်းခေါင်းဆောင် နာအိုမီ ခိုင်းတာနဲ့
Tharn နေတဲ့ မြို့ကို  Lhong ရောက်လာ
ခဲ့တယ်

ဒီကိုရောက်တော့ အိမ် ဘယ်မှာဆိုတာ
သိပေမယ့် အရင်ဆုံး Tharn ကို
Lhong စောင့်ကြည့် အကဲခပ် လိုက်တယ် ..

တစ်ရက် Tharn ကို သူတစ်ယောက်ထဲ
မဟုတ်ဘူးဆိုတာ Lhong  မြင်လိုက်ရတယ်

အဲဒါနဲ့ပဲ .... ...

မြို့ထဲရောက်တာနဲ့ Lhong နဲ့ တွေ့နေကြ
ဆိုင်ကို Tharn လာခဲ့လိုက်တယ် ..

" ဘာကိစ္စလည်း Lhong ငါ့ အလုပ်ရှိလား "

" ထိုင်အုန်း  Tharn .. မင်းကောင်လေးက ချစ်စရာကောင်းတယ်နော်"

နတ်ဆိုးရဲ့နှောင်ကြိုးWhere stories live. Discover now