Part 18(final)

1.5K 117 9
                                    

Unicode

ကုတင်ပေါ်မှာလှဲနေသော ဖြူလွှလွှပုံရိပ်လေးကို ကြည့်ရင်း ရိပေါ် သက်ပြင်းသာတဖွဖွချမိလေသည်။
ကျိုးချန်တို့ပြောပြ၍ ဖြစ်ကြောင်းကုန်စင်ကို
ရိပေါ်သိပြီးလေပြီ။
တစ်ကယ်တော့ ဦးလေးဝမ်ချန်ဖေးဘက်ကကြည့်လျှင်လဲ မမှားပေ။ မည်သူမဆို ကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ချင်ကြသည်သာ။
သို့သော်လဲ သူချစ်တဲ့လူက အခြားလူတစ်ယောက်ရဲ့ပိုင်ဆိုင်မှုဖြစ်နေတဲ့အခါမှာတော့ ရင်နာစရာဇာတ်သိမ်းကိုသာ ရရှိသွားရလေသည်။
ဖြစ်ခဲ့သမျှကို အပြစ်မမြင်ချင်တော့ပေ။အရာအားလုံးဟာ ကံတရားအတိုင်းသည်သာဟူ၍ ကံကိုသာ လွှဲချမိလေသည်။

ရှောင်းကျန့် သတိမေ့နေတာ ၃ ရက်ပင်ရှိနေလေပြီ။လည်ပင်းက ဓားဒဏ်ရာက အသံအိုးမထိမိ၍ တော်သေးသည်ဟု ပြောရမည်။မဟုတ်လျှင် စကားပြောနိုင်တော့မည်မဟုတ်ပေ။သို့သော်လဲ သွေးထွက်လွန်၍ မေ့မျောနေသည်မှာ အခုချိန်ထိပြန်လည်သတိလည်မလာသေးပေ။
ရိပေါ်ရဲ့ကုမ္ပဏီက အတိုက်ခိုက်ခံရပြီးဆုံးရှုံးသွားခဲ့သောdataတို့ကို ယွီပင်းနှင့် ကျိုးလီတို့က ပြန်ယူထားပေးလေသည်။ သို့သော်လဲ နှုတ်ထွက်သွားသော ရှယ်ယာရှင်တို့အား ပြန်လည်စည်းရုံးနေရသေးသည်။
ရှောင်းကျန့်ကို ဂရုစိုက်နေရတာတစ်ဖက် ကုမ္ပဏီကတစ်ဖက်နှင့် ခုရက်ပိုင်းအလွန့်ကို ပင်ပန်းနေလေပြီ။LAမှာရှိသည့် ဝမ်ကျားရုံက အဖြစ်အပျက်များကို ခုမှသိပြီးChinaသို့ လိုက်ကာ ကုမ္ပဏီကို ထိန်းထားပေးသဖြင့် ရှောင်းကျန့်ဆီမှာသာ ရိပေါ်တစ်ယောက်နေမိလေသည်။
တစ်ဦးတည်းသော ညီလေး၏ အဖြစ်ဆိုးကြောင့်
ဝမ်ကျားရုံက စိတ်အတော်ထိခိုက်သွားလေသည်။

ရိပေါ်တစ်ယောက် ရှောင်းကျန့်လက်ကလေးကိုင်ထားရင်း ပင်ပန်ူမှုတို့ကြောင့် ကုတင်ကို မှီကာ အိပ်ပျော်သွားလေသည်။
အိမ်မက်ထဲတွင်တော့ ရှောင်းကျန့်က သူ့ကိုစနောက်နေပြီး အလှဆုံးပြုံးပြနေလေသည်။

ဆံပင်တို့ကို ခပ်ဖွဖွပွတ်သပ်ခံရခြင်းနှင့်အတူ ရိပေါ်တစ်ယောက် နိုးလာရလေသည်။
အိပ်မှုံစုံမွှားဖြင့် မျက်လုံးတို့ကို ပွတ်သပ်ကြည့်လိုက်​တော့ အပြုံးကြည်ကြည်လေးတို့ဖြင့် ရှောင်းကျန့်က ​ကြိုဆိုနေလေသည်။

စောက်ကလေးနဲ့ကျွန်တော်(Complete)Where stories live. Discover now