အခန်း၁၁

12.1K 1.2K 15
                                    

မေတ္တာနှောင်ကြိုး
အခန်း၁၁

အိပ်ရာကနိုးတာနှင့် ဘေးဘီကို ကြည့်လိုက်တော့..ပုံမှန်မဟုတ်။

''သြော်...မနေ့ညက ငါ့ကို ဖက်လိုက်တော့ သူနဲ့အိပ်ခိုင်းမယ်မှတ်ပါတယ်၊ မအိပ်ခိုင်းဘူးဘဲ''

မျက်နှာသစ် သွားတိုက်ဖို့ ဟိုဘက်အခန်းထဲ ပြန်ဝင်ရသည်။
နိုးပြီလား တော့မသိပေမယ့်... သူရှိမယ့်ဘက်ကို လှည့်ကိုမကြည့်ဖြစ်။

ရေးချိုးခန်းထဲဝင်ပြီး ရေချိုးပြီးမှ အဝတ်အစားရွေးရင်း စကားပြောလိုက်သည်။

''နိုးနေရင်လည်းထတော့၊ အဟက်...နှိုးသာနှိုးနေရတယ်... ကိုယ်မသိခင် လူခြောက်မလေးတွေနဲ့များ ချိတ်ဆက်နေသလား မသိပါဘူး''

တည်ကြည်ငြိမ်းချမ်း သည်... အိပ်ခန်းထဲပေးမဝင်တဲ့သူ့ကို စိတ်မဆိုးတော့ပေမယ့် ကိုယ့်ဘက်က စ ခေါ်ရတာမို့ နည်းနည်းတော့မကျေနပ်။

သို့သော် ဘာသံမှထွက်မလာတာမို့ မျက်မှောင်ကြုတ်ရင်း အိပ်ရာဘက်ကိုလှည့်ကြည့်လိုက်သည်။

''တကယ်ဘဲ လူခြောက်မလေးဆီ ပြောင်းသွားတာလားမသိဘူး''

ဝတ်မယ့် အဝတ်အစားလေးကိုင်ကာ ကြောင်တောင်တောင်ဖြင့် အိပ်ရာဆီလျောက်လာကာ မွေ့ရာအစွန်လေးမှာထိုင်လိုက်သည်။

''အနွယ်...ခင်ဗျားဗျာ...''

စိတ်ထဲ ထင်မထားစွာညည်းညူလိုက်ရင်း ပြောမိတော့ အနောက်ကနေ သိုင်းကာဖက်လာသည်။

တစ်ပြိုင်နက်ထဲမှာဘဲ...ခြူ သံက တစ်ချွင်ချွင်မြည်လာသည်။

..ချွင်...ချွင်...ချွင်
ချွင်..ချွင်

''ဟင်...လူခြောက်မလေးနဲ့ ပျော်နေတာမဟုတ်ဘူးလား၊ ယောက်ျားဖြစ်သူကို တစ်ဖက်အခန်းပို့ပြီး''

ထိုအခါ အနွယ်သည် ကျွန်တော့်၏ နှာခေါင်းလုံးလုံးလေးကို သာသာလေးဆွဲတော့သည်။

ချစ်လိုက်ရတာ။

''အနွယ်...ကျွန်တော့်ကိုလေ အနွယ့်ရဲ့ ဟိုဖိနပ်လေးပေးစီးပါ့လား''

ဖိနပ်တွေစီထားတဲ့ မှန်ကောင်တာထဲက ဖိနပ်တစ်ရံကို လက်ညှိုးထိုးပြလိုက်သည်။

Love Knot (Completed)Where stories live. Discover now