ပတ်ချန်ယောရဲ့ ကားသံကြားတဲ့အချိန်မှာ သူ ထိုင်ရမလိုလိုထရမလိုလိုဖြစ်လာတယ်။ ဒါ ပတ်ချန်ယောရဲ့ ခံစားချက်တွေ ဖွင့်ဟဝန်ခံပြီးနောက် ရက်အတော်ကြာ ခွဲခွာပြီးမှ အခန်းတစ်ခုထဲမှာ ပထမဆုံးအကြိမ် ရှိရမှာဖြစ်တယ်။ သူ ရင်မခုန်ဘဲ ဘယ်ရှိပါ့မလဲ။ ပြီးတော့ ဘယ်လိုမှ တည်ငြိမ်နေနိုင်မှာမဟုတ်ဘူး။
အိပ်ချင်ယောင်ဆောင်နေလိုက်ရမလား
သူ့အကြံသူ သဘောကျသွားတယ်။
သူ့အခန်းဘက် လှမ်းလာတဲ့ ခြေသံတွေကြားလာရတဲ့အချိန် မျက်လုံးတွေမှိတ်ချပစ်လိုက်တယ်။
တံခါးဆွဲလိုက်သံနဲ့အတူ အခန်းထဲ ပတ်ချန်ယော ဝင်လာပြီဖြစ်ကြောင်း သူသိလိုက်တယ်။''အိပ်ပျော်နေတာလား ဘတ်ခ်ဟျွန်း''
''အွန်း''
ပတ်ချန်ယောဆီက ရယ်သံကြားမှ သူ့အဖြစ်သူ ပြန်သတိကပ်မိတယ်။
အိပ်ပျော်နေတဲ့လူရေ ဖြေနေလိုက်ဟ''ကျွန်တော် ယောင်နေတာ''
''အော.. ဟုတ်မှာပါ''
ဖြေရှင်းချက် ထုတ်လိုက်ခါမှ ပတ်ချန်ယောရဲ့ ခပ်တိုးတိုးရယ်နေသံဟာ ဟက်ဟက်ပက်ပက်ရယ်သံအဖြစ်သို့ ပြောင်းသွားတယ်။
''ငတုံးလေး''
ဟန်ဆောင်မနေတော့ဘူး။ ရုပ်ရှင်တွေကို ညလုံးပေါက် ကြည့်ထားလည်း ဘာမှ သုံးစားရမနေဘူး။ အိပ်ချင်ဟန်ဆောင်တာလေးတောင် မဖြစ်မြောက်ဘဲ ဘူးပေါ်သလို အကုန်ပေါ်သွားတော့တာပဲ။ မျက်လုံးတွေဖွင့်ပြီး ပေစောင်းစောင်းကြည့်လိုက်တော့ ခုထိ အရယ်မသတ်နိုင်သေးတဲ့ ပတ်ချန်ယောရဲ့ ပြုံးစိစိမျက်နှာက ဆီးကြိုတယ်။
''မရယ်နဲ့တော့ ခင်ဗျား''
''မင်းဆိုရင်ရော ကိုယ့်နေရာမှာ မရယ်ဘဲ နေနိုင်မှာလား''
''ရယ်ဗျာ ရယ်! ရယ်သေလိုက်!''
''အိုကေ အိုကေ။ မရယ်တော့ဘူးမလို့ စိတ်မကောက်ပါနဲ့''
မသိရင် ချစ်သူကောင်မလေးကို ကလူကျီစယ်ပြီးနောက် ပြောတဲ့လေသံနဲ့။
ဖြစ်ရတယ် လူကိုများ ဘာမှတ်နေသလဲမသိဘူး ဒီလူ။''ဘယ်သူက ကောက်နေလို့လဲ။ ယောက်ျားတွေက စိတ်မကောက်တတ်ဘူး''
''မင်းနှုတ်ခမ်းက ရှေ့တစ်တောင်လောက် ထွက်နေပြီ''
YOU ARE READING
အချစ်ပန်းကလေးများ ဖူးပွင့်စေ ( Let Love Bloom)
Fanfictionfiction cover photo crd to original artist