Brown Scarf

1.3K 126 32
                                    

"ကိုကို အလုပ်ပီးရင်​ပြော​နော် ကျွန်​တော်​စောင့်​နေတယ်"

ဒီလို messageပို့ရတာ ​ဆောနူအတွက်​တော့မထူးဆန်း​တော့။ ကိုကိုက အလုပ်နဲ့ ယှဥ်လာရင် ဘယ်အရာကိုမှ ဦးစား​ပေး​ရှေ့တန်းတင်​လေ့မရှိ။ အင်း သူ့ကို​တောင်မှ​ပေါ့ တစ်ခါတစ်​လေလည်းစဥ်းစားမိပါ​သေးသည်။ ရှင်းမ်ဂျယ်ယွန်းဆိုသည့် သူ့ချစ်သူက သူ့ကို တကယ်​ရောချစ်ရဲ့လားဆိုပီး​လေ။

ခဏကြာ​တော့ reply​​ရောက်လာသည်။

"ကိုယ်​ meeting​ထိုင်​နေတုန်းမလို့ ​ဆောနူ ခဏ​လေး​စောင့်​နော် ပြီးရင်ဖုန်းဆက်လိုက်မယ်"

ဒီလိုမျိုး အ​သေးစိတ် ရှင်းပြလာ​တော့လည်း ​ဆောနူစိတ်​တွေ​ပျော့ရပြန်သည်။ မဟုတ်ဘူး ဘယ်တုန်းကမှ ထိုလူသားနဲ့ပတ်သတ်ရင် စိတ်မမာနိုင်ခဲ့တာဆိုပိုမှန်မည်။ အင်း ရှင်းမ်ဂျယ်ယွန်းကပြုစားနိုင်လိုက်တာ။
♡♡♡♡♡♡

ကိုကိုနဲ့သူနဲ့စ​တွေ့ခဲ့တာ တက္ကသိုလ် အနုပညာအသင်းမှာဖြစ်သည်။ ​ဆောနူက ပထမနှစ် ဂျယ်ယွန်းက ​နောက်ဆုံးနှစ်​ကျောင်းသား။ ပုံမှန်ဆို ​တွေ့စရာ​အ​ကြောင်းမရှိနိုင်တဲ့ ၂​ယောက်ဆို​ပေမယ့် အနုပညာအသင်းတူတူဝင်ဖြစ်​တော့​တွေ့ဖြစ်ကြသည်။ သူတို့ ၂​ယောက်က ​တွေ့ကတည်းက တိုက်ဆိုင်မှုများသည်။ အသင်းဝင်တဲ့ရက်လည်းတစ်ရက်တည်း။ ထို​နေ့ကမှတ်မိပါ​သေးသည်။ ​ဆောနူတစ်​ယောက်တည်း စာရင်းသွင်း​နေတုန်း သူ​​ရောက်လာ​တော့ အသင်းကအကို​တွေ အမ​တွေအကုန် မျက်လုံးပြူးကုန်ကြသည်​​လေ။

"ဂျယ်ယွန်း ဒီကိုဘာလာလုပ်တာတုန်းဟ"
"ဘာလာလုပ်ရမှာလဲ အသင်းဝင်မလို့​လေ​"

​အေးတိ​အေးစက်နဲ့ပြန်​ဖြေတဲ့​လေသံ​ပေမယ့်လည်း ​ဆောနူအတွက် ​တော်​တော်​လေးနား​ဝင်ချိုလှသည်။ အသံပိုင်ရှင်ကို မသိမသာခိုးကြည့်​တော့ လူကို မြင်လိုက်ရတဲ့အခိုက်အတန့် အချိန်ရပ်တန့်သွားသလိုပင်။ ​blonde hairပိုင်ရှင် ထိုလူက အရမ်းကိုကြည့်​ကောင်း​နေခဲ့သည်​လေ။ သူ​တောင် ခဏတာမနာလိုဖြစ်သွားမိတဲ့အထိ။ ​ငေး​ကောင်း​ကောင်းနဲ့​ငေး​နေမိတာ စီနီယာအကို လက်လာပုတ်ပီး​ခေါ်မှသတိဝင်​တော့သည်။ ​ကျောင်းစ​ရောက်​ရောက်ချင်း အနုပညာအသင်းဝင်ဖို့​ရွေးချယ်မိတာမှန်သွားပီထင်သည်။ ဒီခပ်​ချော​ချောအကိုကြီးနဲ့ ​နေ့တိုင်းနီးပါး​တွေ့ရဖို့လည်း ​မျှော်လင့်​နေမိသည်။

You've reached the end of published parts.

⏰ Last updated: Jun 11, 2022 ⏰

Add this story to your Library to get notified about new parts!

Brown Scarf(젴선)Where stories live. Discover now