အပိုင်း ၂၄ (စာစဉ် ၂ အပိုင်း ၉)

1.4K 192 7
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄ (စာစဉ် ၂ အပိုင်း ၉)
ကျုပ်က ကျန်းဂျိရဲ့ အကိုကြီးပဲ

"မင်း! မင်း...."
ဝူဝေ ချန်ချန့်ကို လက်ညှိုးထိုးလိုက်ကာ ထိတ်လန့်မှုကြောင့် စကားပြောမထွက်ခဲ့ပေ။
အဲ့ဒီကောင်က ဆေးခပ်ထားတဲ့ လက်ဖက်ရည်ကို မသောက်ခဲ့ဘူးလား? သူထပ်ပြီးတောင် သောက်နေသေးတာလေ ဒါဆို သူ့ကို နည်းနည်းလေးမှ အကျိုးသက်ရောက်မှု မရှိဘူး‌လား?
ဒါ့အပြင် ဓားဦးကို လက်နှစ်ချောင်းဖြင့် ညှပ်ထားခြင်းမှာ မည်သို့သော ကျွမ်းကျင်မှုမျိုးနည်း။
အချိန်ခနကြာအောင် သူစိတ်ရှုပ်ထွေးနေခဲ့သည်။
ချန်ချန်သည် မျက်ခုံးအနည်းငယ်ကျုံ့ထားသော ရုပ်ဆိုးဆိုးနှင့်လူကို လှည့်ကြည့်မိ၏။
ထိုလူက အတော့ကို ရုပ်ဆိုးလွန်းလှသည်။ လန်နေသော သူ့နှာခေါင်းကို ဘေးဖယ်ထားလိုက်ပြီး ကျီးကန်းမျက်လုံးနှင့် ခွေးနှင့်တူသော ဆုတ်ဖွားဆုတ်ဖွားဆံပင်ပုံစံကိုပါ ထည့်မပြောလျှင် သူ့နှာခေါင်းပေါက်မှ နှာခေါင်းမွှေးများက အတော်‌ေလးရှည်ထွက်နေပေသည်။

"အကိုကြီး  ခင်ဗျား ခုနတုန်းက ကျုပ်နောက်က နံရံနောက်မှာ ပုန်းနေတာမလား?" ချန်ချန် မေးလိုက်သည်။
"မင်း......မင်း ဘယ်လိုလုပ်ပြီး သိတာလဲ?" ရုပ်ဆိုးဆိုးလူသန်ကြီးက ချန်ချန့်ကို ပြန်ပြောနေရင်း ဓားကို အားစိုက်ထုတ်ကာ ဆွဲထုတ်ရန် ကြိုး‌စားနေတုန်းပင်။
ချန်ချန် သူ့ခေါင်းကို ခါလိုက်ပြီး သက်ပြင်းဖွဖွလေးချလိုက်သည်။ "ခင်ဗျားရဲ့  ဆိုးရွားလှတဲ့ ရုပ်ရည်က နံရံကိုတောင် ဖြတ်ပြီး ကျုပ်ကို သတိထားမိစေတယ် အကိုကြီး ကျုပ်ခင်ဗျားကို စော်ကားတာတော့မဟုတ်ပါဘူး ဒါပေမယ့် ကျုပ် ခင်ဗျားကို စတွေ့တော့ ကျုပ်အိမ်က ဝက်ကလေး'လောင်ဟေး' လူပုံစံပြောင်းထားတယ်လို့တောင် ထင်လိုက်မိတယ်"

ခစ်! ခစ်!
ရှိုက်ကြီးတငင်ငိုနေသော ကျန်းရှောင်ယ မတတ်နိုင်ဘဲ အော်ရယ်လိုက်မိသည်။
"ခွေးကောင် သေလိုက်တော့!" ထိုအချိန်တွင် ရုပ်ဆိုးဆိုးလူက စိတ်လွတ်သွားပြီး ချန်ချန့်မျက်နှာကို ဦးတည်၍ သူ့ခြေထောက်နှင့် ‌ကန်ထည့်လိုက်သည်။
ချန်ချန် ဒါကို ကြီးကြီးမားမားမတုံ့ပြန်ခဲ့ပေ။ သူ့လက်ချောင်းကို ပြင်းပြင်းလေး ဖိလိုက်သည်နှင့် ကြီးမားသောခွန်အားတစ်ခု ထွက်ပေါ်လာပြီး ဓားဖျားကို ချက်ချင်းချိုးပစ်လိုက်သည်။ ခနအကြာတွင် သူ့လက်ကို မိုးကြိုးပစ်ချလိုက်သလို လျင်မြန်စွာ လှုပ်ရှားလိုက်လေသည်။
အေးစက်သော အလင်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး ရုပ်ဆိုးဆိုးနှင့်လူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားကာ ခနအကြာတွင် ချန်ချန်‌့ရှေ့တွင် ဘုန်းခနဲ လဲကျသွားသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 1-100Where stories live. Discover now