(၁)

10.6K 758 93
                                    

Unicode

ရွှေဝါရောင်နေခြည်နုနုနှင့် ထွေး၍နွေးသောမေတ္တာဓာတ်တွေ လွှမ်းခြုံတဲ့မနက်ခင်းဟာ ပိုင်ဆိုင်ဖို့မျှော်လင့်ခဲ့ရတဲ့သူလေးဘေးနားမှာရှိနေမှုကြောင့် ပြည့်စုံတာထပ်ပိုသည်။

သွေးကြောလေးတွေရှက်ပြေးရင်း မွှေးညှင်းနုနုလေးတွေ ခပ်ရေးရေးပေါက်နေတဲ့ မျက်နှာသေးသေးလေးကို တယုတယနဲ့ ငေးမဝရှိနေခဲ့တာ။ အိပ်မောကျနေဆဲ ဝက်ဝံပေါက်စလေးက နှင်းဆီရောင်အမှတ်အသားတစ်ချို့နဲ့ စောင်ဖြူဖြူထဲ လှချင်တိုင်းလှနေလေသည်။

အကြောင်းအရင်းက မနေ့က မင်္ဂလာဦးညမှာခေါက်ဆွဲပြုတ်အတူစားခဲ့ကြလို့ပင်။

"Baby ရေ baby လေးရေ"

နှာဖျားလုံးလုံးလေးကို အသာအယာလေးဆွဲညှစ်တော့ အိပ်ချင်မူးတူးနဲ့ တစ်ဖက်ကိုတောင်လှိမ့်သွားသေးသည်။
အပေါ်ပိုင်းကဗလာကျင်းနေဆဲမလို့ စောင်ထဲကနေတစ်ဝက်တစ်ပျက်ထွက်နေတဲ့ လက်မောင်းသွယ်သွယ်လေးနဲ့အတူ ဖြူဥဥပခုံးသားလေးတွေ။ လှိုင်းထည့်ထားတဲ့ခပ်ထွေးထွေးဆံနွယ်အညိုလေးရဲ့အဖျားနားလေးတွေက ကပိုကယိုလေး ကျနေသေးသည်။

အသည်းယားလွန်းလို့ ပခုံးလေးတွေ ဂုတ်ပိုးလေးတွေကို အနမ်းတွေခပ်စိတ်စိတ်ကျဲချပစ်လိုက်မိသည်။ တစ်ရှုံ့ရှုံ့လိုက်နမ်းနေမိတာမလို့ ဝက်ဝံပေါက်လေး နိုးစပြုလာပြီ။ ညက ဒီအကိုသေးသေးလေး ဘယ်လိုတောင်သောင်းကြမ်းခဲ့သလဲသူအသိဆုံး။

"အွန်း ဘာကောင်ကြီးလဲ"
"ငါ့အိမ်ထဲ ဘာကောင်ကြီးဝင်နေတာလဲ"

အိပ်ချင်မူးတူးနဲ့ ဘာတွေပြောနေလဲမသိ။ အခုထိ သူ့လူပျိုဘဝလေးကလိုတစ်ယောက်တည်းအိပ်နေတယ်လို့ထင်နေပုံရတယ်။

ပက်လက်ပြန်လှန်လာမှ နှုတ်ခမ်းတစ်စူစူနဲ့ယောင်နေတဲ့အလှတရားလေးကို ပါးပြင်ထဲနစ်ဝင်ထဲအထိ နမ်းချပစ်လိုက်မိသည်။

"ထတော့ Baby Hyung လေး"

"ဟင်...ဘယ်သူ"

ရုတ်တရက် မျက်လုံးကို ဖတ်ခနဲပွင့်လာပြီး သူ့ကိုတွေ့တာနဲ့ အသံပြဲနှင့်အော်တော့သည်။

A Boy Named Kim Tae Hyung [Completed]Where stories live. Discover now