အပိုင်း(၃)

14.6K 1.1K 4
                                    

"မမလေး မမလေး"

"အလန့်တကြားမိနွယ်ရယ် ခင့်အိမ်အပြန်ကိုလွမ်းနေသလားပဲ"

မိနွယ်ဟာစိတ်မရှည်သည့်ဟန်ဖြင့် အမောတကောပြောရှာသည်။

"နောက်မနေပါနဲ့ မမလေးရယ် အိမ်ထဲမာ မြို့အုပ်မင်းရောက်နေတယ် "
"မမလေးပြန်မရောက်သေးဘူးဆိုတာကိုအတင်းစောင့်မယ်တကဲကဲလုပ်နေတာ "

ခင်ဟာကြားရသည့်စကားကြောင့်မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားသည်။

"ဒီလူတွေဒီလူတွေ "
"ခင့်အိမ်ကိုဖြင့် ဝင်ချေထွက်ချေ
သာလာယံဇရပ်အောက်မေ့နေသလားပဲ"

ခင်ဟာခပ်တိုးတိုးဆိုလျက် လက်ကိုင်အိတ်အား မိနွယ်ထံကမ်းပေးလိုက်သည်။

"စကားမပြောချင်လည်းပြောရအုံးမယ်ခင့်ဖို့ သံပရာရည်တခွက်သာ ဖျော်ခဲ့ပေး"

"ဟုတ်ကဲ့မမလေး "

မိနွယ်ဟာမီးဖိုးချောင်အထဲကုပ်ကုပ်ကလေးဝင်သွားသည်မလို့ ခင်သည်လည်းဧည့်ခန်းအတွင်းသို့ လျှောက်လာခဲ့သည်။

"ဘယ့်နှယ့်လဲ... မြို့အုပ်င်းကြီးင့်အိမ်ကို
လာတဲ့အကြောင်း ပြောစမ်းပါဘိရှင်"

ခါးမှ အင်္ကျီကိုဆွဲချလျက်ခြေချိတ်ထိုင်သည်။အနားရှိကျွန်းကုလားထိုင်အပေါ် သို့လက်ကိုထောက်သည်။ခင့်ပုံစံဟာပေါ့ပေါ့ပါးပါးသူ့အိမ်သူ့ရာသူနေချင်သလိုနေမည် ဆိုသည့်ပုံ။ဒီကြားထဲခင့်မူပိုင်မဲ့ပြုံးလေးကမပါဖြစ်...

"ကိုယ်က ရှမ်းပြည်ဘက်သွားမှာလို့ ခင်ကြိုက်တာ လေးတွေမှာလို့ရအောင်လာခဲ့တာ"
"ခင်ကိုယ့်ကိုဘာမှာချင်သလဲဟင်"

င့်ကိုကြည့်ပီးအရောင်လက်လက်ဖြစ်နေတဲ့မျက်လုံးတွေ ဒီယောကျာ်းတွေဟာင့်အနားချဉ်းကပ်ဖို့ တစ်ခုမဟုတ်တစ်ခုအကြောင်းရှာကာလာ‌နေသလား။

"ခင်"Where stories live. Discover now