Part ~ 26

8.7K 1.2K 126
                                    

zawgyi

" သခင်လေးထယ်ယောင်း.. ကျောင်းသွားဖို့အတွက် ဒါရိုက်တာချုပ်က လာခေါ်နေပါပြီ..."

" အော..."

ကျောင်းဝတ်စုံ လဲထားပြီဖြစ်သော ထယ်ယောင်း ။
ကျောပိုးအိတ်လေးကို ကောက်ယူလိုက်လျှင် မီးခိုးရောင်ရေဘ၀ဲအရုပ် သော့ချိတ်လေးက ယမ်းခါသွားသောကြောင့် သူ့အကြည့်က မှိုင်းညို့သွားရပြန်သည် ။

၆လကျော်ခဲ့ပြီ ။
ဂျောင်ကုနဲ့သူ မတွေ့ရတာ ၆လကျော်ခဲ့ပြီ ။

" ဂျွန်ဂျောင်ကုက ဆေးရုံကနေ သူ့အဖေကို ခေါ်ထုတ်ပြီး ထွက်သွားခဲ့တယ်.. သူ့ထိုက်နဲ့သူ့ကံမို့ ဒီအတိုင်းပဲ လွှတ်ထားပေးလိုက်ပြီ.. "

ဂျောင်ကု အိမ်တော်ကြီးဆီကို ပြန်မရောက်လာတာ တစ်ပတ်ပြည့်သည့်နေ့တွင် ထယ်ယောင်း ထုတ်ဖော်မေးသောအခါ ဆောဂျီယွန်းက ထိုသို့ပြန်ဖြေသည် ။

တစ်ချိန်ချိန်မှာ ဂျောင်ကုက သူ့အဖေကိုခေါ်ထုတ်ပြီး အိမ်တော်ကြီးဆီကနေ ထွက်သွားမည်မှန်း ထယ်ယောင်း သိထားပေမယ့် လက်တွေ့ရင်ဆိုင်ရသည့်အခါ နှလုံးသားက တုန်လှုပ်သွားသည် ။

ဇာတ်ကြောင်းအရဆို ဂျောင်ကုက အထက်တန်းကျောင်းပြီးမှ သူ့အဖေကို အိမ်တော်ကြီးကနေ ခေါ်ထုတ်သွားကာ အကိုတစ်ဝမ်းကွဲ၏ စီစဉ်ပေးမှုဖြင့် နိုင်ငံခြားကို ပညာတော်သင်သွားခဲ့တာဖြစ်သည် ။

အခုကျ ထယ်ယောင်း၏ ၀င်စွက်ဖက်မှုကြောင့် ဂျောင်ကု၏ အိမ်တော်ကြီးကနေ ထွက်သွားသည့်ရက်က ရှေ့သို့တိုးသွားခဲ့တာ ဖြစ်နိုင်သည် ။

ဒါဆို ဂျောင်ကုက နိုင်ငံခြားကို ထွက်သွားခဲ့ပြီလား...။

'ပြန်လာခဲ့မယ်.. စောင့်နေ..'

ဂျောင်ကု အမှာပါးခဲ့ပါသော စာတိုလေး ။

ဟုတ်တယ်...။
ငါ့ကို ဂျောင်ကုက စောင့်နေခိုင်းခဲ့တာပဲ..။

သူ ပြန်လာမှာပါ.. ။
သူ ငါ့ဆီ သေချာပေါက် ပြန်လာမှာပါ..။

အထက်တန်း ဒုတိယနှစ်၏ စာသင်ခန်းအတွင်း ။

ထယ်ယောင်းတစ်ယောက် စာသင်ချိန်များကို ငူငိုင်ရင်းနှင့်သာ ကျော်ဖြတ်ခဲ့သည် ။
သူ့၏တက်ကြွမှုက ဂျောင်ကု ထွက်သွားတည်းက ဆိတ်သုန်းခဲ့တာ ဖြစ်သည် ။

Falling in love with my creation character (Complete)Where stories live. Discover now