Part 9 [ Zawgyi]

3.8K 107 0
                                    

'' တောက်!  မဟေသီသွယ် ရဲ့လက်ချက်မလား ''

'' ဟုတ်ပါတယ် Boss ကင်မရာကိုတနေရာရာမှာ ဝှက်ထည့်လာပုံရပါတယ် ''

'' ကျစ်! အခုချက်ချင်း အဲ့သတင်းတွေကိုဖြုတ်ချ အထူးသဖြင့်
ရယ်မြူးသာ ကိုမကောင်းပြောထားတဲ့ သတင်းတွေကိုလုပ် တခါထဲအဲ့သတင်းစာတိုက်တွေပါတရားစွဲ ပြီးတော့ မနက်ဖြန် ကစပြီး ဟိုမိန်းမကို အနုပညာလောကထဲ ခြေထပ်ချလို့မရအောင်လုပ် ဘယ်နေရာကမှ ထပ်ဝင်မလာ​စေနဲ့ ''

နေဇာန် အခန်းထဲထွက်သွားတာနဲ့ လက်ထဲကဖုန်းကို နံရံဘက် ပစ်ပေါက်လိုက်သည်။ သတင်းအများစုက သူ့ကိုမရေးရဲ ကြတော့ ရယ်မြူးသာ ဘက်ကိုချည်းဖိရေးထားကြတာ၊ တချို့သတင်းတွေဆို ရေးထားတာ ရစရာမရှိ။

ဒီတိုင်းငြိမ်နေလို့မဖြစ်သည့်အပြင် ရယ်မြူးသာ ဘက်ကိုပါ ဖုန်းဆက်ရမည်ကြောင့် contact ထဲ အဆင်သင့်ရှိနေသည့် နံပါတ်လေးကို ဆက်လိုက်တော့မကိုင်။

ဒီအချိန်ဆို မိဘတွေပါသိနေလောက်ပြီမို့ ဦးမင်းတည်ကိုသာ
ဆက်သွယ်လိုက်တော့သည်။

'' Hello ဟုတ်ကဲ့ ကျွန်တော်ခက်ထည်မာန်ဝင့်ပါ ''

'' ဟုတ်ကဲ့ ကျွန်​တော်လည်း အဲ့ကိစ္စနဲ့ပက်သက်ပြီး ခင်ဗျာ
အဲ့ဒါဆို ကျွန်တော်အခုပဲ အဲ့ဘက်ကိုလာခဲ့လိုက်ပါမယ် ကျေးဇူးပါ ''

ချိတ်မှာ ချိတ်ထားတဲ့ ကုတ်အိင်္ကျီကိုဆွဲယူကာ အပြင်ထွက်ခဲ့သည်။ နေဇာန်မရှိတာမို့ ရှိတဲ့လူတွေထဲက တစ်ယောက်ကို ကားမောင်းခို်င်းပြီး ဦးတည်ရာက ရွှေဟင်္သာ ဆေးရုံသို့၊၊

________________________________________

ဘေးနားက လူတွေရဲ့ စကားပြောနေတဲ့ အသံတွေက မြုးနားထဲကို တစ်စ တစ်စ တိုးဝင်လာသည်။ တိုးနေရာမှ တဖြည်းဖြည်းကျယ်ကျယ်ကြားလာရကာ အသံတွေကပြတ်ပြတ်သားသားဖြစ်သွားသည်၊၊ မာမီ့အသံ ပြီးတော့ အလင်းနဲ့မိုးသားအသံရယ် တခြားသူတွေရဲ့အသံတွေရော။

'' အင်း ''

မျက်လုံးဖွင့်လိုက်တော့ ပထမဆုံးမြင်ရတာ မျက်နှာကျက်ဖြူဖြူ။ မီးရောင်က မျက်လုံးထဲစူးခနဲ ဝင်လာသည်မို့ မျက်တောင်တွေကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ရသည်။

Agent of JoyWhere stories live. Discover now