WL 05

985 151 4
                                    

(Unicode)

ပါတီပွဲက အပန်းဖြေအဆောက်အဦးရဲ့ အပေါ်ဆုံးထပ်မှာလုပ်နေကြတာဖြစ်ပြီး ရှောင်းကျန့်က ရိပေါ်ကိုဦးဆောင်ပြီးခေါ်လာခဲ့သည့်နေရာက ထိုအဆောက်အဦးရဲ့ ညရှုခင်းတွေကြည့်လို့အကောင်းဆုံး ဝရန်တာဆီကိုပင်။

အဆောက်အဦးတစ်ခုလုံးက ပြင်သစ်မှန်တွေနဲ့သာ တည်ဆောက်ကာရန်ထားသည်မို့ အတွင်းကနေလည်း ရှုခင်းကြည့်လို့ရပေမယ့် အခုလို အပြင်ကကြည့်တာကတော့ ပိုရှင်းလင်းပြီး ပိုပြတ်သားနေ၏။

ရိပေါ်ကြိုက်မည်ဆိုတာ သူအသေအချာကိုသိနေတာကြောင့် ရာခိုင်နှုန်းအပြည့်ဖြင့် ဒီနေရာဆီကိုခေါ်လာခဲ့ခြင်း။

ဧကန်မုချပါပဲ။
ဝရန်တာဆီရောက်တဲ့အချိန် ရိပေါ်ကိုလှည့်ကြည့်ကြည့်လိုက်တော့ မျက်ရစ်မရှိတဲ့မျက်လုံးလှလှလေးထဲ လင်းလက်မှုတို့ကိုမြင်လိုက်ရသည်။ တပါးသူအင်္ကျီပေါ်ကို ဝိုင်စွန်းအောင် လုပ်မိတုန်းကလို စိတ်ပျက်ညှိုးငယ်မှုတွေနှင့် သီးခြားဆန်နေ၏။

ဒီကောင်လေးကို ထိုပြဿနာကနေ သူဘာလို့ကယ်ထုတ်လိုက်မိလဲ စဉ်းစားမရဘူး။ တွေးကြည့်မှပင် ဒီကောင်လေးနဲ့ပတ်သက်ပြီး သူ့ဆီမှာစဉ်းစားမရတာတွေ အတော်များလာသည်။

ဖန်ခွက်ကျကွဲသံကြားပြီးနောက် ဆူညံသွားတဲ့နေရာဆီ သူလှမ်းကြည့်လိုက်တော့ အပျက်ပျက်အယွင်းယွင်းဖြစ်နေတဲ့မျက်နှာထားနှင့်ရိပေါ်ကို သူမြင်လိုက်ရတာပင်။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ အဖြေရှာမရတဲ့ထိုမျက်နှာလေးထက် ကိုယ့်ကိုကိုယ်သိမ်ငယ်မှုတို့က အထင်းသား။

ရှောင်းကျန့်ဒီအတိုင်း ရပ်ကြည့်မနေနိုင်တော့ပြီ။ သူ့ဆီကို ပွဲရဲ့တာဝန်ခံဆိုပြီး တရိုတသေဖြင့် လာမိတ်ဆက်ထားတဲ့သူဆီ လက်ယက်ပြလိုက်ကာ ပြဿနာကိုဖြေရှင်းဖို့ ညွှန်ကြားလိုက်သည်။ လျော်ကြေးအတွက် ရှင်းပေးဖို့ကိုလည်း သူ့ကတ်ကိုထုတ်ပေးလိုက်သည်။ အကုန်ပြီးသွားတဲ့အချိန် သူဘာမှ လူလုံးထွက်ပြနေစရာမလို။ ဒါပေမယ့် ကောင်လေးကကြောင်အကာရပ်နေဆဲပဲမို့ သူမမျှော်လင့်ပဲ နေရာကနေလှုပ်ရှားလိုက်ရခြင်း။

White Lies 『HIATUS』Onde as histórias ganham vida. Descobre agora