• ကလင် ကလင် *
" ညီရေ ထားခဲ့ပြီ ထွက်ယူလိုက်နော် "
" ဟုတ်ကဲ့ အကို "
ခြေသံနည်းနည်းဝေးသွားတော့မှ Mask တပ်၊ Spray ဘူးလေးကိုင်ပြီး တံခါးဖွင့်လိုက်တော့ Vitamin C ဘူးကြီးတစ်ဘူး၊ ရှမ်းခေါက်ဆွဲ/ကွေ့သယို အသင့်စားထုပ်တွေ၊အခြားပေါင်မုန့်တွေ၊ကိတ်မုန့်တွေ အစုံပဲ။တံခါးလက်ကိုင်နဲ့ အထုပ်တွေချသွားတဲ့ ခုံတန်းလျားလေးပေါ် ပိုးသတ်ဆေးဆေးဖြန်းလိုက်တယ်။
နေ့လည်လောက် အိမ်ကို Locked Down ချခံလိုက်ရကတည်းက ဘေးတစ်အိမ်ကျော်က အကိုကြီးက မျိုးစုံလာပို့ပေးနေတာ။ဒါနဲ့ဆို ငါးကြိမ်လောက်ရှိပြီ။
နေပါဦး.....။ဒီလိုကြီး လာလာပို့နေတာကို ကျေးဇူးတင်စကားတောင် မပြောရသေးဘူး။အားနာစရာ။
ဖုန်းခေါ်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်ရင် ကောင်းလိမ့်မယ်ထင်တယ်။စိတ်ထဲလဲအတွေး လက်ကလည်းဖုန်းကိုကိုင်လျက်မိသား။
ဖုန်းနံပါတ်ရှိတာမလို့ Contact ထဲက အကိုရန်ပိုင်လင်းလို့မှတ်ထားတာကို ဖုန်းခေါ်လိုက်တော့ ဝင်ပြီးသိပ်မကြာ ကြားလိုက်ရတဲ့အသံခပ်ဩဩ။
" ဟယ်လို အကို ကျွန်တော်က ဘေးတစ်အိမ်ကျော်ကပါ။ စောဟိန်းနောင်လေ "
" ဟယ်လို ညီ ဘာလိုလို့လဲ "
" ဟို.....ဘာမှမလိုပါဘူး လာပို့ပေးလို့ကျေးဇူးတင်ပါတယ်လို့ ပြောချင်လို့ပါ "
" ရပါတယ် အနောင် အဲ ညီ "
လျှပ်တပျက် ကြားလိုက်ရတာအနောင်.....အနောင်ဆိုပဲ။
" ညီ ....ညီ "
" ဗျာ "
" ဘာစားချင်လဲ ကိုယ့်ကို ပြောလေ ဈေးရောက်နေတာနဲ့ တစ်ခါတည်းဝယ်ပြီး လာပို့ပေးရတာ အပန်းမကြီးပါဘူး "
" အသည်းနှလုံး "
သေစမ်း.....စောဟိန်းနောင်။ဘာသွားပြောနေတာလဲ!!
" ဘာပြောတာလဲ ညီ "
" ဟို....ကြက်အသည်းနှလုံးလို့ ဟုတ်တယ်....ဟုတ်တယ် အဲ့ဒါပြောတာ "
" အင်း ဟုတ်ပြီ အကိုလာပို့ပေးမယ်နော် "
" ကျေးဇူးပါပဲ အကို "
![](https://img.wattpad.com/cover/301752417-288-k884592.jpg)
YOU ARE READING
အတွေးစာစုဘုစုခရုလေးများ❧❦
Fantasyမေလေးရဲ့ OC OneShot လေးတွေအတွက် သီးသန့်ကမ္ဘာငယ်လေးတစ်ခုပါ။ Tue 15 February 2022