*ခွမ်းးးနောက်ဖေးမှတခုခုကျကွဲသံကြောင့် Jaeminအမြန်ပြေးသွားမိပြီး နှုတ်မှလည်းအမည်နာမတစ်ခုကိုရေရွတ်မိသည်။
“ Jun !! ”
“ ဟဲ့ ဟဲ့ ငါ့သားလေး ”
အပေါ်ထပ်ကနေဆင်းလာတဲ့မာမီ့မှာလည်းအပြေးတပိုင်း ။
“ ဘာဖြစ်တာလဲJun! ဘယ်နားထိသွားသေး... ”
“ မာမီ့ကိုပြပါဦး လက်တွေဘာတွေများထိသွားသေးလား ”
“ ကျွန်တော်ဘာမှမဖြစ်ပါဘူး မာမီ ”
“ ဂရုစိုက်မှပေါ့သားရယ်.... nana! ”
“ ဗျာ ! ”
“ အိမ်မှာနားတဲ့ရက်ကိုဖက်ထုပ်လေးအနားမှာနေပါဆိုမှ ”
ဖက်ထုပ်လေး ။
ဒါကမာမီJunကိုခေါ်တဲ့နာမ်စားလေး ။
တခါတလေသားအရင်းကဘယ်သူလဲတောင် မာမီ့ကိုပြန်မေးယူရတဲ့အထိ မာမီကJunကိုသိပ်ချစ် သိပ်ဂရုစိုက်ခဲ့တာ ။အခုလဲParisကိုမာမီလာလည်တဲ့အချိန်တိုင်း ဖြစ်နေကျဖြစ်စဉ်လိုမျိုးပေါ့ ။
ဂေဟာမှာစတွေ့ထဲကJunကိုတအားချစ်ခဲ့တဲ့မာမီက Junရဲ့ဘ၀သစ်စဖို့ကျွန်တော်အကောင်အထည်ဖော်ခဲ့တဲ့ကိစ္စမှာ အစအဆုံးကိုကူညီပေးခဲ့တာ ။
လွန်ခဲ့တဲ့လေးနှစ် ။
ကုမ္ပဏီဆက်ခံဖို့ကိစ္စနဲ့Junကိုဂရုမစိုက်နိုင်ကြတဲ့အချိန်မှာသတ်ိရလာတဲ့Jun ။
“ Jaemin .."
အသံလေးကတိုးတိုးလေးမို့သူနားကြားမှားတာလို့ပဲအစကထင်နေတာ..။
“ အသံတွေပါကြားယောင်တဲ့အထိကိုယ်လွမ်းနေပြီထင်တယ်.. မြန်မြန်သတိပြန်ရလာပြီး ကိုယ့်ကိုပြုံးပြပါဦးအချစ်ရယ် ... "
“ Jaemin .."
“ ဟင် ? Jun ”
ဒီတစ်ခါတော့အသံပါကြားတာမဟုတ် သူဆုပ်ကိုင်ထားမိတဲ့လက်ကလေးကပါ လှုပ်ခတ်သွားတာမို့
မျက်နှာလေးကိုသေချာကြည့်မိသည်ဖြန့်ကျဲထားတဲ့မျက်တောင်လေးတွေတဖြည်းဖြည်းလှုပ်ခတ်လာကာ မျက်လုံးကိုအနည်းငယ်ဖွင့်ကြည့်ပြီး အလင်းရောင်ကြောင့်ထင် ပြန်ပြီးဖိကပ်သွားသည်။
YOU ARE READING
𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 ) ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )
Fanfictionတစ်ခါလောက်ပြိုင်ချစ်ကြည့်ကြမလားဟင်? ကြေးကတော့နှလုံးသားတခုလုံးလေ !