#unicode
အိမ်ထောင်သက်တမ်းနုသေးသည့် သူနှင့်ဦးဂျွန်အတွက် နေ့ရက်တိုင်းဟာ ချိုမြိန်နေတော့တာဖြစ်သည်။
ထယ်ယောင်းက ပုံမှန်ဆိုလျှင်သာ skinshipမကြိုက်တတ်သော်လည်း ဦးဂျွန်အနားတွင်တော့ ကပ်ကာချွဲချင်မိသည်။
ဒါဟာလည်း မိမိအိမ်ထောင်ဖက်ဟူ၍ စိတ်ရင်းခံကြောင့်သာဖြစ်လိမ့်မည်။ထယ်ယောင်းတို့အတူဖြတ်သန်းလာတဲ့တစ်လျှောက် အိမ်ရဲ့ဝေရာဝစ္စအကုန်ကို ဦးဂျွန်ကသာ စီမံခန့်ခွဲပြီးလုပ်ဆောင်သည်။
လွန်ခဲ့သည့် လတွေက ကုမ္ပဏီကို လန်ဒန်အခြေစိုက်အဖြစ် ပြောင်းရွေ့လိုက်သည်မို့လည်း နားရက်ဟူသည် ဘယ်လိုအရာမှန်းမသိခဲ့သည်အထိဖြစ်ခဲ့ရသေးသည်။
ယနေ့တွင်တော့ ဦးဂျွန်ကုမ္ပဏီသို့မသွားနိုင်ရေး ထယ်ယောင်းအရေးပင်ဖြစ်သည်။
မိုးဖွဲ့ဖွဲ့လေးကျနေသည့်နေ့မို့ ဦးဂျွန်အနားတွင်သာ ကပ်နေချင်၍ ဖြစ်သည်။" ယောကျာ်း "
" ဟင် "
" ဒီနေ့အလုပ်မသွားလို့မရဘူးလား "
အိပ်ယာနိုးခါစဦးဂျွန်သည် သူ့အား အကြောင်းပြချက်တောင်းသော မျက်ဝန်းများဖြင့်ကြည့်လာသည်။
bathrobe အခွဲကြောင်းအတိုင်း လစ်ဟနေသည့် ဦးဂျွန်၏ ရင်ဘတ်ပေါ် လက်ညှိုးလေးဖြင့် ဟိုထောက်သည်ထောက်လုပ်ရင်း" ရာသီဥတုက အေးနေတော့ ဒီလိုလေးပဲကပ်နေချင်လို့လေ
မသွားဘူးမို့လား ဟင် "ပက်လက်အနေအထားအိပ်နေသော ဦးဂျွန်က ထယ်ယောင်းအား လက်နှစ်ဖက်လုံးဖြင့် ထွေးပွေ့လိုက်ကာ သူ့ပေါ်သို့ဆွဲတင်လိုက်တော့သည်။
" စောစောစီးစီးကို ကပ်ချွဲနေတော့တာပဲ ချာတိတ်လေး "
" အဟွန်း "
" ကိုယ်မသွားရင် ဘာပြန်ပေးမှာလဲ "
winkတစ်ချက်လုပ်ရင်း ပြောလာသူက အသက်၃၀ကျော်တာတောင် စွဲဆောင်မှုတွေ မှေးမှိန်သွားခြင်းမျိုးမရှိပေ။
' ပြွတ် '
မေးရိုးထင်းထင်းတွေကို လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ရင်း နှုတ်ခမ်းပါးရဲရဲကို တစ်ချက်စုပ်ယူလိုက်သည်။