𝗖𝗵𝗮𝗽𝘁𝗲𝗿╺ 𝗜𝗜 ❮𝗭𝗮𝘄𝗴𝘆𝗶❯

542 17 0
                                    

Jake ကျောင်းတက်ချိန် ကြာလာသည်နှင့်အမျှ Jake ရဲ့ နာမည်ဟာ ကျောင်းသားများ၏ ပါးစပ်ဖျား၌ ရေပန်းစားလာသည်။

လှိုင်းသဏ္ဌာန် ခပ်ကောက်ကောက် ဆံနွယ်တွေနဲ့ အိမ်မက်ထဲက နတ်သားလေးလို Jake ရဲ့ ဖြူဖြူစင်စင် ချစ်ဖို့ကောင်းတတ်ပုံလေးက ကျောင်းသားထုကြီး၏ ရင်အစုံအား လှုပ်ခတ်စေခဲ့သလို အပြစ်ကင်းတဲ့ အငယ်လေး တစ်ယောက်လို ပုံစံကလေးက senior မမများကြား၌ 'puppy လေး' 'golden retriever လေး' ဆိုပြီး နာမည်ကြီးလာစေခဲ့သည်။

အတော်များများ၏ အာရုံကို ဖြူစင်စွာ ဖမ်းစားနိုင်ခဲ့သော Jake အား Jay အရင်ကထက် ပို ကြမ်းကြမ်း ဆက်ဆံလာမိသည်။

ဘာလို့ဆို Jake Sim ဆိုတာက သူတစ်ယောက်တည်းအပိုင် ဖြစ်တာကြောင့် Jake Sim အကြောင်း လူတွေ ပြောကြရင် သူ့နာမည်က ပိုင်ရှင်နေရာက ကျိန်းသေပေါက် ပါသင့်တယ်။

ထိုပျက်ကွက်ခြင်းတွေက အကြိမ်ရေစိပ်လာတော့ ဘယ်သူ့ကို ဘယ်လို သွားရန်ရှာလို့ ရန်ရှာရမလဲမသိသည့် Jay အတွက် ဘေးက ကောင်လေးက တရားခံ ဖြစ်လာခဲ့တယ်။

ဆိုပေမဲ့ Jake ကတော့ သူ့အပေါ် Jay ဘယ်လောက် မကောင်းပါစေ Jay အနား ကော်လို ကပ်မြဲကပ်ဆဲသာ။

တစ်ခါတလေဆို Jay ပါ '‌ဒီကောင်လေး ဆရာဝန်လိုနေပြီလား?' ဟု တွေးရသည်အထိ။

သို့သော် ဒီကောင်လေး သူ့ကိုဘယ်လောက် ကပ်ကပ် ခွာမဲ့လူက သီးသန့်ကို ရှိပြီးသား။

"Park Sunghoon! မင်း အဲ့လက်ကို လွှတ်စမ်း!"

Sunghoon က ဆေးပေးခန်းအ၀က သူ့အား တစ်ချက်ကြည့်သည်။

ထို့နောက် အေးဆေးစွာပေ သူ့လက်ထဲက နီတာရဲ လက်သေးသေးလေး၏ လက်ဝါးပေါ်မှ ပွန်းရာအား ဆေးပြန်ထည့်သည်။

"စပ်လား Jake?"

နှုတ်ခမ်းနဲ့ပါ ခပ်ဖွဖွ မှုတ်ပေးနေတာကြောင့် Jay ဒေါသ ဟိုးအဆုံးအစွန်အထိ မြင့်တက်လာခဲ့သည်။

ဟိုဟာ လိုလို ၊ ဒီဟာလိုလို ၊ ဘာလိုလို ၊ ညာလိုလိုနဲ့ ဒီကြွက်ဖြူက Jake Sim ကို သူ့ဆီက လိုချင်နေတာ။

"ဖယ်စမ်း!"

Sunghoon လက်ထဲက Jake လက်အား ဆွဲယူကာ Sunghoon အား Jay တွန်းဖယ်လိုက်သည်။

𝗧𝗵𝗲 𝗕𝘂𝗹𝗹𝘆 𝗔𝗻𝗱 𝗛𝗶𝘀 𝗙𝗮𝘃𝗼𝘂𝗿𝗶𝘁𝗲 𝗚𝗥 𝗕𝗼𝘆  ▍𝗝𝗲𝗻𝗴𝗝𝗲𝗸Where stories live. Discover now