🖤9🖤

800 107 6
                                    

Unicode

"မိန်းမ ငါတို့ဘယ်လိုလုပ်ကြမလဲ ဒီတိုင်းဆိုငါတို့အိမ်တောင်ရှိမှာမဟုတ်တော့ဘူး"

"မင်ယွန်းဂီက ကျွန်မတို့သမီးအကြီးကိုသဘောကျနေတာမို့လား သူကမ်းလှမ်းထားသလိုလုပ်လိုက်ရင်ရော"

"ဒါမဲ့ ငါတို့သမီးက သဘောတူပါ့မလား ငါ့သမီးလေးစိတ်ဆင်းရဲရမှာမလိုလားဘူး"

"ဟာအွန်းက ကျွန်မနားချကြည့်ရင်အဆင်ပြေပါတယ် မင်ယွန်းဂီလဲ လူကောင်းတစ်ယောက်ဘဲဟာ သူနဲ့သာဆိုသမီးလေးရှေ့ရေးကိုစိတ်ပူစရာမလိုတော့ဘူး ယောင်္ကျားရဲ့"

"အင်းး"

ထိုစကားသံများကို အခန်းတံခါးဝနားဖြတ်လျှောက်သွားတဲ့ မင်ဟာနာမှာ ကျောပိုးအိတ်ကိုကျစ်ကျစ်ဆုပ်လျက် ကြားလိုက်ရတဲ့စကားသံတွေကြောင့် ရင်ထဲမှာဆို့နစ်လာ၍ ကျောင်းသွား‌ေတာ့မယ့်ဆဲဆဲကို မသွားချင်‌တော့တာမို့ ကိုယ့်အခန်းကိုယ်သာပြန်လာခဲ့သည်။

စိတ်ထွက်ပေါက်အနေနဲ့မှန်တင်ခုံပေါ်တင်ထားသမျှပစ္စည်းတွေအားလုံးကို တစ်ခုချင်းဆီလွတ်ပစ်လိုက်ကာ ဒေါသရော ဝမ်းနည်းမှုတွေပါပေါင်းပီး အကုန်ရိုက်ခွဲပစ်လိုက်ပေမဲ့ ရင်ထဲနာကျင်နေတာက သက်သာမသွားပါ

"မေမေ‌တို့မကောင်းဘူး.."

ကုတင်ဘောင်ကိုကျောမှီရဲ့ ရှိုက်ကြီးတငင်ငိုနေသော ဟာနာသည် နှစ်ချီလများတိတ်တခိုးချစ်နေသူ၏ သဘောကျနေသောမိန်းကလေးက တစ်ခြားသူမဟုတ် အမရင်းကိုဖြစ်နေတာမို့ပိုပြီးခံစားသွားရသည်။

ခံစားချက်ကိုရှေ့တန်းတင်ပစ်လိုက်လို့လဲမရ
မိသားစုစီးပွားရေးက ရှိသေးတယ်မို့လား
ဖေဖေတို့ဆေးရုံသာမလည်ပတ်နိုင်တော့ရင်
တစ်မိသားစုလုံးလမ်းဘေး‌ေရာက်ရမဲ့အဖြစ်မို့လို့ ဘယ်သူ ဘယ်ဝါကိုမှအပြစ်မတင်တော့ဘဲ ချစ်နေတာကိုခဏလေးခေါက်သိမ်းထားလိုက်မယ်။

"ဦး နဲ့ရေစက်မပါခဲ့ဘူးထင်တယ် ကြာရင်တော့အဆင်ပြေသွားမှာပါ"

"ဒေါက် ဒေါက်!!"

"ငယ်လေးရေ ကျောင်းသွားရမယ်လေ ဆင်းလာခဲ့တော့"

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now