Notes (1)
ကျွန်တော်တို့ ထပ်တွေ့ခဲ့တာက ဆာကူရာပင်ကြီးအောက်မှာ...ကျောင်းထဲကိုဝင်မဲ့ဆဲဆဲ ကျောင်းဝင်းထဲက ဆာကူရာပင်အောက်မှာ ရယ်မောပျော်ရွှင်နေကြတဲ့ လူငယ်တစ်ချို့...
"ဟေး....Licht!!"
"အေး ပြောလေ" သူငယ်ချင်းတေွနဲ့ပျော်ပါးနေတဲ့သူ့ပုံရိပ်၊ ချိုလွှလွှ စကားသံနဲ့ ရယ်သံလွင်လွင်တချို့ကြောင့် ကျွန်တော်ဟာ ဝင်ပေါက်ဝနားမှာ အနည်းငယ်ကြောင်လျက်သား....
"Hizei-*Senseiလားရှင့်" ရှေ့တည့်တည့်လာရပ်ကာမေးနေတဲ့ ကျောင်းသူလေးကြောင့် အတွေးတို့ကလက်ရှိအချိန်သို့ပြန်ရောက်လာသည်။ (*Sensei = ဆရာ/မ)
"ဟုတ်ပါတယ်။ ဘာလို့လဲ?"
"အာ...Senseiကိုမျှော်နေတာလေ။ ဂီတချိန်အတွက်ဆရာအသစ်လာမယ်ဆိုလို့ပါ"
"ဪ....အဲ့လိုလား?"
ဒါကတော့ ကျွန်တော် အဲ့ကျောင်းကိုစရောက်လာတဲ့အချိန်က အဖြစ်အပျက်တစ်ချို့ပေါ့။ ဆရာတစ်ဦးတော့မဟုတ်ပေမဲ့ အစ်ကိုဖြစ်သူကျောင်းဆရာက အစာအိမ်အူအတက်ကြောင့်ခွဲစိတ်ရတော့ ကျွန်တော် Hizei Yamashiလည်း ဒီကျောင်းမှာ အချိန်ပိုင်းဆရာအဖြစ်တာဝန်ယူခဲ့ရတာပေါ့~~
ထိုလူ....
အရပ်မြင့်မြင့် အသားဖြူဖြူ စိမ်းညို့ရောင်မျက်ဝန်းပိုင်ရှင်ဟာ ငါတို့အတန်းရဲ့ဂီတဆရာအသစ်တဲ့လား??? Lichtရဲ့အတွေးတွေက လွန်ခဲ့တဲ့ တစ်ပတ်ခန့်စီသို့...ထိုနေ့ကမိုးတွေသည်းနေတာမို့ အိမ်ကိုအပြေးတပိုင်းပြန်ခဲ့ရတဲ့နေ့ပေါ့။ ဒါပေမဲ့ လမ်းမှာရုတ်တရက်လူတစ်ယောက်ကို ဝင်တိုက်ခဲ့မိတယ်...
"Ah...! ဒီမှာကျောင်းသားလေး လူတစ်ယောက်လုံး လာနေတာကိုမမြင်ဘူးလား။ နမော်နမဲ့နိုင်လွန်းရဲ့!!" ဒေါသသံအနည်းငယ်စွက်သော ထိုအသံ~~~
မိုးကသည်းတဲ့အပြင် တဖက်လူက ထီးဆောင်းထားလို့ သေချာမမြင်လိုက်ရပေမဲ့ စိမ်းညို့ေနတဲ့ ထိုလူ့မျက်ဝန်းတွေကိုတော့ သူအသေချာမြင်လိုက်ရသည်။ သူ့ဘဝမှာတွေ့ဖူးသမျှမျက်ဝန်းတွေထဲ ဒီမျက်ဝန်းတစ်စုံဟာအလှပဆုံးပေတည်း။
![](https://img.wattpad.com/cover/302637715-288-k593604.jpg)