~14~

2.7K 356 66
                                    

ZawGyi
________

ဂျောင်ဂုရဲ့အိမ်ကနေ 5 နာရီလောက်မှ
ပြန်လာခဲ့လိုက်တယ်။ ညဘက် 6 ခွဲကျရင်
စာလာလုပ်ပေးမယ်ဆိုလို့ ပြန်လာခဲ့တာပေါ့
ဒါပေမဲ့ခံစားချက်ကတမျိုးလေးဖြစ်သည်။

အခုမှရည်းစားထားဖူးလို့လားတော့မသိဘူး
ကလိကလိနဲ့ ရင်ထဲမှာလည်းတလှပ်လှပ်လေး
ဖြစ်နေတယ်။ တခါမှရည်းစားမထားဖူးမှန်း
သိသာလိုက်တာကွာ ဒါပေမဲ့လည်းအရမ်းကို
ပျော်တယ်။ ဒီနေ့ကသူနဲ့တွဲတဲ့ပထမဆုံးနေ့ပေါ့
ပထမဆုံးအနမ်းကိုစဉ်းစားမိတိုင်းရင်တွေခုန်
မိတယ်။

ကျနော်အမှန်တိုင်းပြောရရင် ဂျောင်ဂုကိုယ့်ရဲ့
အနားကပ်လာတုန်းကဆိုတော်တော်ကိုရင်တွေ
ခုန်နေခဲ့တာ။ ရုတ်တရက်ကြီးနမ်းလာမယ်လို့
မထင်ထားခဲ့ဘူး အနမ်းလေးကမကြမ်းတမ်း
ပေမဲ့ နူးနူးညံ့ညံ့လေးနဲ့ချိုသည်။ ပြန်တွေးကြည့်
လိုက်တဲ့အချိန်တိုင်း ပြုံးမိသည်။

အိမ်ရှေ့ခြံထဲမှာပဲထိုင်ပြီးဟိုကြည့်ဒီကြည့်
ဟိုစောင့်ဒီစောင့်နဲ့ပင်နေသည်။ ဂနာမငြိမ်
ဖြစ်နေတာတော့အမှန်ပင် ဘာလို့လဲတော့
မသိဘူး ဂျောင်ဂုကိုပဲတွေ့ချင်နေတယ်။
ညဘက် 6 နာရီခွဲမှာကိုပဲစောင့်နေမိတာပေါ့။

အမေတို့တောင်ရောက်လို့ တချက်စောင်း
ကြည့်သွားသေးတယ်။ စာမလုပ်ဘူးလား
ဆိုတဲ့သဘောနဲ့ပေါ့ သူငယ်ချင်းလာမှာ
ဆိုပြီးပြောလိုက်တော့လည်း ဘာမှပြန်မပြော။
စာအတူတူလုပ်တဲ့သူငယ်ချင်းက ချစ်သူဖြစ်
နေတယ်ဆိုတာအမေတို့သိရင်ဘယ်လိုများ
နေမလဲ ဆိုပြီးတွေးမိသေးတယ်။ အဲ့လိုနဲ့
အနှောင့်အယှက်ဖြစ်တဲ့စိတ်ကဝင်လာပါလေကော

ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်လည်း
မကြိုက်တဲ့အကျင့်တစ်ခုရှိတယ်။ တခုခုကို
တွေးလိုက်ပြီဆိုရင်အဆုံးထိကိုတွေးတာပေါ့
အဆင်ပြေပါ့မလား မပြေလောက်ဘူးထင်တယ်
စသဖြင့်ပေါ့။ နောက်ပိုင်းအဆိုးတွေပါတွေး
လာတာပေါ့ အခုလည်းကြည့် အမေ့နဲ့စကား
ပြောရင်းမကောင်းတဲ့အတွေးကဝင်လာပြန်ပြီ။
ဂျောင်ဂုနဲ့လက်တွဲရင် ပတ်ဝန်းကျင်ကလက်ခံ
ပေးပါ့မလား ဂျောင်ဂုရဲ့မိဘတွေကကော ဒါမှ
မဟုတ်ကျနော့်မိဘတွေကကော။

My Neighbour [KookJin]✔️Where stories live. Discover now