ပြဇာတ်ပြင်က ချစ်တေးသံ

202 12 0
                                    


ခွန်းလွန်တောင်သည် လူ့ပြည်နှင့် ကောင်းကင်ဘုံ၏ ကြားမှ ဆက်စပ်နေရာတစ်ခုဖြစ်သည်။ ခွန်းလွန်တောင်အား ကျော်လွန်လျှင် နတ်မင်းအပေါင်းတို့ အခြေချနေထိုင်သည့် ဖုန်းမာန် ကောင်းကင်နန်းတော် တည်ရှိသည်။ ခွန်းလွန်တောင်သည် သာမာန်လူသားများ မမြင်နိုင်သော နေရာတစ်ခုဖြစ်ကာ မြင့်မြတ်သောနေရာတစ်ခုဖြစ်သည်။ အဆင့်နိမ့်သော နတ်သူငယ်လေးများတောင် ခွန်းလွန်တောင်ထက်သို့ တတ်ရောက်ခွင့်မရှိပေ။ ခွန်းလွန်တောင်တစ်ခုလုံးအား အတားအဆီးတစ်ခုဖြင့် ကာရံထားသည်။ ထိုအတားအဆီးအားဖြတ်နိုင်သည့်သူသာလျှင် တောင်ပေါ်သို့တတ်ခွင့်ရှိသည်။

ကြီးမြတ်လှသော ဖုန်းမာန် ကောင်းကင်နန်းတော်အား ကောင်းကင်မင်းကြီး ထျန်းဟွားကျင်းကျွင်းသည် တရားမျှတစွာ အုပ်ချုပ်သည်။ စစ်ပွဲများမရှိစေရန်နှင့် နတ်မင်းများတာဝန်လစ်ဟာခြင်းမရှိစေရန် တင်းကြပ်စွာအုပ်ချုပ်၏။ အပြစ်ပြုလုပ်သောနတ်မင်းများအား အပြစ်နှင့်ညီမျှသော အပစ်ဒဏ်ပေးသည်။ ကောင်းကင်မင်းကြီး ထျန်းဟွားကျင်းကျွင်း အုပ်ချုပ်နေစဥ်တွင် ကောင်းကင်နန်းတော်သည် တရားမျှတစွာဖြင့်ရှိနေသောကြောင်​့ နတ်မင်းအပေါင်းတို့သည် အပြစ်မပြုရဲကြပေ။

မိုးနတ်သမီး ယွမ့်ချီဖုန်းသည် ကောင်းကင်မင်းကြီး၏ သမီးတော်တစ်ဦးဖြစ်ပြီး လေနတ်မင်း ဖုန်းယွဲ့လင့်လန် ဖြင်​့ စေ့စပ်ထားသူဖြစ်သည်။ ယွမ့်ချီဖုန်းသည် လေနတ်မင်းအားသဘောမကျသလို စေ့စပ်ထားခြင်းအားလည်း သဘောမတူပေ။ သို့သော် ကောင်းကင်မင်းကြီး၏ အမိန့်အား လွန်ဆန်နိုင်ခြင်းမရှိပေ။ ထို့​ကြောင့် တာဝန်အရ မိုးရွာရမည့်ရက်တွင် ခွန်းလွန်တောင်တွင်သာနေထိုင်ကာ ကောင်းကင်နန်းတော်ရှိ စန်းချူးအဆောင်တော်သို့ ပြန်မလာပေ။

ခွန်းလွန်တောင်သည် စွမ်းအား ကျင့်ကြံအားထုတ်ရန် အကောင်းဆုံနေရာတစ်ခုဖြစ်သည့်အ​ပြင် ခွန်းလွန်တောင်၏ သဘာဝအရ စိတ်ဝိဉာဥ်အားတည်ငြိမ်စေသည်။ ခွန်းလွန်တောင်သည် ထင်ရှားသောနေရာတစ်ခုဖြစ်သည့်အပြင် ကောင်းကင်ဘုံ၏ အရေးပါသောနေရာတစ်ခုလည်းဖြစ်ပေသည်။ ထို့​ကြောင့် ကျူးကျော်ဝင်ရောက်မှုများမရှိစေရန် အစောင့်အကြပ်ကြီးစွာချထားသည်။ အတားအစီးဖြင့် ကာကွယ်ထားသည့်အပြင် စွမ်းအားကြီးသည့် နတ်သားရဲတစ်ကောင်သည် ခွန်လွန်​ေတာင်အား ​စောင့်ကြပ်ထားသည်။ ကျူးကျော်ဝင်လာသည့် မည်သူမဆို နတ်သားရဲနှင်​့ မလွဲမသွေ တိုက်ခိုက်ရမည်။

ပြဇာတ်ပြင်ကချစ်​တေးသံWhere stories live. Discover now