{Unicode}

1.1K 145 20
                                    

"ဟိုမှာ မင်းဇနီးလေးလာပြီ!"

ဟောက်ကျိုး၏ အသံခပ်ပြဲပြဲနဲ့အတူ တရှပ်ရှပ်ကြားလာရသော ‌ခြေသံလေးများသည် စာလုပ်ရန်ကျန်ခဲ့သော ရှောင်းကျန့်တို့ သူငယ်ချင်းသုံးယောက်ရှိသောအခန်းထဲဝယ် ခပ်စိပ်စပ်ထွက်ပေါ်လာ၏။

သင်္ချာကိန်းကဏန်းများ တွက်ချက်နေစဉ် သူ၏မြင်ကွင်းထဲ ဝင်ရောက်လာတဲ့ လက်ချောင်း ဖြူဖြူတုတ်တုတ်တွေ။ ထိုလက်တွေက နွားနို့ဘူးနဲ့ ပေါင်မုန့် အပြင် ချိုချိုချဉ်ချဉ်အထုပ်ကလေးတွေကို သူ့ရှိရာဆီ တွန်းပို့လာသော‌ကြောင့် ရှောင်းကျန့်သည် သက်ပြင်းချမိသွားသည်။

ထို့အပြင် "ကိုကို့ဖို့ " ဆိုတဲ့ ကလေးအသံ‌ကြောင့် မျက်လုံးပင့်ကြည့်လိုက်တော့ ပါးစုန့်ကြီးတွေ မို့တတ်အောင် ပြုံးပြနေတဲ့ ဝမ်ရိပေါ်။

" မင်းမုန့်တွေ မင်းပြန်ယူသွား ဝမ်ရိပေါ်"

သူ‌ပြောလိုက်တော့ ထိုကလေးမျက်နှာက စူပုတ်ပုတ်ကလေးဖြစ်သွားသည်။

" ကိုကိုမှ မုန့်ထွက်မစားတာ ဆာမှာပေါ့ "

အသံကိုက အထက်စီးလေသံပေါက်သော်ငြား ကလေးအသံကတော့ မပျောက်ရှာပေ။ မပျောက်ဆို သူကအခုမှ အလယ်တန်း ပထမနှစ်ကလေးတ‌စ်ယောက်ပင်မဟုတ်လား။

ကျိုးချန်၏ "ငါတို့လည်းပါးစပ်ပါပါတယ်ဟ" ဆိုသောအသံကြီးက ကြိတ်မနိုင်ခဲမရထွက်လာသော်လည်း ရှောင်းကျန့်စကားဆိုလိုက်သော‌ကြောင့် ငုပ်လျှိးသွားရသည်။

"မဆာလို့ မစားတာ"

ဝမ်ရိပေါ်ဟာ မျက်မှောင်တွေပါ ကျုံ့လာသည်။

ထို ဝမ်ရိပေါ်ဆိုတဲ့ဟာလေးဟာ သူ့ကိုပင် လှည့်မကြည့်ပဲ သူ့‌ခြေထောက် ဖြူတုတ်တုတ်တေွြဖင့် လှည့်ထွက်သွားသည်မှာ သူခေါ်တာကိုပင် လှည့်မကြည့်ပါချေ။

ရှောင်းကျန့် နည်းနည်းတော့ မခံချိမခံသာဖြစ်သွားရသည်။ သူ့ထက်အသက် ခြောက်နှစ်နီးပါးငယ်တဲ့ ကလေးက သူ့ကို မုန့်ထုပ်တွေနဲ့ ပိုပန်းနေရုံမျှမက သူလုပ်ချင်ရာ သူလုပ်သော ကလေးမျိုးပင်။ ထိုကလေးမျိုးကို ရှောင်းကျန့် မချစ်ပါ။

ချစ်လို့ပင်မဝနိုင်Where stories live. Discover now