7✌︎︎ [Final]

179 20 1
                                    

ညထဲကပြန်မလာတဲ့jiminကို စောင့်နေလျက်။

ခနကြာတော့စောင့်မျှော်နေသူလေးပြန်ရောက်လာခဲ့တယ်။jiminမျက်နှာမကောင်းတာကိုyoongiသတိမထားမိ။

"Min jimin မင်းမနေ့က"

"ကျွန်တော်ခင်ဗျားနဲ့စကားမများချင်သေးဘူးဗျာ"

"ခုမှရူးချင်ယောင်ဆောင်မနေနဲ့"

"ခင်ဗျားကြီးအလိုက်ကန်းဆိုးလဲမသိဘူးနော် ကျွန်တော့်ပုံကပျော်နေတဲ့ပုံပေါက်နေလား"

Jiminပြောတော့မှာ ကြက်ပေါက်ကိုအကဲခတ်ကြည့်လိုက်သည်။

"ဒါနဲ့မင်းသူငယ်ချင်း အုန်းမွှေးလုံးဆံပင်နဲ့ကောင်ရော မတွေ့ပါလား"

"အီး ဟီး......."

"ဟာ ဘာလို့ငိုတာလဲမင်းကိုငါလက်ဖျားနဲ့တောင်မထိရသေးဘူးနော်"

"jungkook အမေရိကပြန်သွားပြီ ခုပဲသူ့ကိုလေဆိပ်ပို့ပြီးပြန်လာတာ ကျွန်တော့်မှာအဖော်မရှိတော့ဘူး အဟင့်"

"သူငယ်ချင်းပြန်သွားတာနဲ့ငိုစရာလား"

"ငိုစရာပေါ့ ခင်ဗျားကြီးတို့ကကျွန်တော့်ကိုဝိုင်းပြီးအနိုင်ကျင့်ကြတော့မှာလေ"

"အမယ် မင်းကိုအားအားယားယားအနိုင်မကျင့်ပါဘူး မင်းကြောက်နေရင်taehyungကိုပြန်လွှတ်လိုက်တော့မယ်"

"ကြိုက်သလိုသာလုပ်တော့ဗျာ စိတ်ညစ်တယ် သွားနားလိုက်အုံးမယ်"

ကြက်ပေါက်လေးစိတ်ညစ်နေတာမြင်ရတော့yoongiမှာလဲစိတ်မကောင်း။

🐣🐣🐣

အရင်ဆိုJungkook နဲ့စကားပြောနေကျ၊ဒီညတော့အထီးကျန်စရာပင်။ ညနက်သည်အထိ Jungkookကိုလွမ်းတဲ့စိတ်နဲ့Jiminတော်တော်လေးနဲ့အိပ်မပျော်ပေ။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါကိသံကြောင့်အိပ်ချင်မူးတူးနဲ့တံခါးဖွင့်ပေးလိုက်သည်။

"ဘာလဲကွာ ညနက်ကြီး ဘာကိစ္စရှိလို့လဲ"

"ကျွန်တော်အိပ်မပျော်လို့ ကျွန်တော်နဲ့အဖော်
ခနလောက်လုပ်ပေးပါလား"

"ဘာလို့လုပ်ပေးရမှာလဲ အိပ်ရေးပျက်အောင် မင်းအိပ်မပျော်ပေမဲ့ငါအိပ်ပျော်တယ်လေ သွားသွားသေချာလေးပြန်အိပ်ကြည့်
အိပ်ပျော်သွားလိမ့်မယ်"

Luv WarningWhere stories live. Discover now