ပုဂံမြေနှင့် ခိုင် Ep- 25

1.7K 163 7
                                    

**Unicode**

"အစ်မ မှားခဲ့တာ အစ်မသိပါတယ်။ အိန္ဒြာခိုင်ပေါ်အများကြီးမှားခဲ့တယ်"

"အစ်မ... အစ်မဟုတ်လား။ ဘာလို့ဒီလောက်တောင်ပြတ်သားသွားရတာလဲ"

"...."

"ချစ်ခဲ့တယ်မလား ဖြေပေးပါလား ဘာလို့ဒီလိုလုပ်ရက်ရတာလဲ"

"ဟင့်အင်း အိန္ဒြာ အစ်မမင်းကိုမချစ်ခဲ့ဘူး။ ကစားခဲ့တာ အစ်မပြောတာသိလား အစ်မကောင်လေးနဲ့ပြတ်တုန်း မင်းအပေါ်စိတ်ယိုင်မိခဲ့တာ" ရင်ထဲမှာပေါ့ အပူမီးတောက်နေပေမယ့် အပြင်ပန်းကဘာမှမထိခိုက်သလို ခန့်အားတင်းပြီး မုသားခြွေရတော့သည်။

"အိန္ဒြာကလေ အိန္ဒြာက တကယ်ချစ်တာ "

"အစ်မသိပါတယ် အိန္ဒြာအချစ်ဦးဖြစ်ခဲ့တာရော"

"အဲ့တာဆိုလဲ စောစောကပြောရောပေါ့ အခုတော့..."

"တောင်းပန်ပါတယ်"

"အင်းပေါ့ ဒီကစောက်ပိန်းကတော့ နားလည်ပေးလိုက်ရတာ အလုပ်သဘောအလုပ်သဘောဆိုပြီး သူတို့ကတော့ ကွယ်ရာမှာ"

"ပြောပါ ကြို​က်သလောက်ပြော အစ်မကအပြောခံဖို့တန်တယ်မလား"

"မပြောတော့ပါဘူး အိန္ဒြာက အားနာတတ်တယ် လူတစ်ဖက်သားစိတ်ခံစားချက်ကိုခုတုံးမလုပ်တတ်ဘူး"

"အင်း"

"ပျော်ရွှင်ပါစေကလွဲရင် ကျန်တာမပြောတတ်တော့ဘူး။ စိတ်ချပါ အဲ့ Weddingကိုမလာပါဘူး စိတ်အနှောက်ယှက်မပေးဘူး စိတ်ချ" အိန္ဒြာအပူမီးဝိုင်းနေပေမယ့် ခန့်နှင့်စကားပြောနေသည့်နေရာဆီက သန်မာချင်​ယောင်ဆောင်ကာလှည့်ထွက်လာခဲ့တော့သည်။ ကားပေါ်မှာအသင့်စောင့်နေသည့် မလင်းနဲ့အိန္ဒြာအကိုကားပေါ်တက်ပြီးသည်နှင့်တစ်ပြိုင်နက် အတိုးရောအရင်းရောပေါင်းငိုလိုက်တော့သည်။ ရက်စက်တဲ့နေခြည်ခန့်ဟုသည့်စကားမှာ အကြိမ်ဖန်များစွာအော်ဟစ်ရင်းပေါ့.....

🎶မိုးအုံ့လို့သစ်ရွက်ကလေးတွေ
ငြိမ်နေရင် တိမ်တွေပြိုတော့မှာ
ကြိုသိတယ်...ဝါဆိုရယ်သိပ်သတိရမိတယ်

အိန္ဒြာ ထိနေ့ပြီးကတည်းက အအိပ်အစားမမှန်လို့ ကျန်းမာရေးမှာအတော်ဆိုးရွားလာပြီးငယ်ငယ်ကအစာအိမ်ခဏခဏရောင်သည့်ရောဂါမှာပြန်ထလာလို့ ဆေးရုံသို့ပြေးရတော့သည်။ ဆေးရုံသို့သွားသည့်လမ်းတစ်လျှောက်လုံး Radioကလာနေသည့် မာမာအေးရဲ့ သီချင်းကြောင့် ရင်ထဲစို့လာပြီး ငိုချင်သည်ကိုထိန်းလိုက်ရသည်။ တစ်လလုံးလုံးတစ်ငိုငိုတရယ်ရယ်နဲ့ စိတ်အခြေအနေမကောင်းတာ​ကြောင့် အမေစိတ်ဆင်းရဲခဲ့ရတာမလို့ အမေ့ရှေ့မှာထပ်မငိုတော့ဘူးလို့တွေးထားသည်ကြောင့်ဖြစ်သည်။

ပုဂံမြေနှင့် ခိုင်Where stories live. Discover now