systemနှင့်ချိတ်ဆက်ခြင်း

3.8K 107 5
                                    

Unicode

#တစ်ခါတစ်လေ အရာရာပြည့်စုံနေတဲ့သူတွေဘ၀မှာလည်း မထင်မှတ်ထားတဲ့ တစ်ခုမဟုတ်တစ်ခု အမျိုးမျိုးသောအရာတွေဖြစ်တက်တယ် #

ဒီနေ့ သူမနဲ့သူမချစ်သူကောင်မလေးတို့၏၅နှစ်ပြည့်ဖြစ်သည်ထိုကြောင့် သူမချစ်သူအားစပရိုက်တိုက်ရန် သူတို့နှစ်ယောက်အတူနေရန်၀ယ်ထားသောအခန်းအား သူမတစ်ယောက်ထဲပြင်ဆင်ကာစောင့်နေသည် အကုန်လုံးပြီးသွားသောအခါ သူမချစ်သူအံ့ဩသွားစေရန် မီးအားပိတ်ကာ တိုက်ခန်းအတွင်းရှီဘယ်သူမှမမြင်နိုင်သောနေရာတစ်ခုတွင်ပုန်းကွယ်နေလိုက်၏ ခနကြာတော့ တံခါးဖွင့်သံကြားလို့ သူမထအော်တော့မည့်အချိန် အပြင်မှ သူမအရင်းနှီးဆုံး သူငယ်ချင်းနှင့်သူမချစ်သူအသံကိုကြားလိုက်ရလိုက်ရတာကြောင့်သူမ မထွက်လာပဲထိုနာရာတွင်သာတိတ်တိတ်လေးငြိမ်နေလိုက်သည်

"လီလီ မင်းမီးပိတ်ထားတာလား"

"မီးပိတ်ထားတော့ ရှင်နဲ့ကျွန်မအတွက် ပိုကောင်းတယ်မဟုတ်ဘူးလား"

"အဲ့ဒါလည်း ဟုတ်တာပဲ" ဟုဆိုကာ တံခါး၀မှာပင် ချက်ချင်းလီလီမေးကိုပင့်ကာ နူတ်ခမ်းကိုကြမ်းတမ်းစွာနမ်းနေလေ၏ နမ်းပြီးငါးမိနစ်ခန့်အကြာတွင်

"လီလီ မင်းဒီလိုလုပ်တာ မင်းချစ်သူသိသွားမှာ မကြောက်ဘူးလား"

"ဘာလဲ ရှင်ကယောက်ျားဖြစ်ပြီကြောက်နေတာလား ကိုယ်သူငယ်ချင်းရဲ့ရည်းစားနဲ့နောက်ကွယ်မှာဖောက်ပြန်နေလို့လေ"

"မကြောက်ပါဘူး သူမအရင်ထဲကတုံးအနေတာမို့ သူမအပေါ်နည်းနည်းကောင်းပေးလိုက်တာနဲ့ ကိုယ်ကိုလုံး၀ကိုယုံကြည့်မှုပေးနေတာ ဟ ဟား"

"ကျွန်မလည်း သူမသာ မချမ်းသာရင် ဒါမှမဟုတ် ရှင့်ကြောင့်သာမဟုတ်ဘူးဆို ကျွန်‌မသူမနဲ့ရည်းစားဖြစ်စရာအကြောင်းကိုမရှီဘူး  ကယ်ပါ သူမအကြောင်းထားလိုက်အခုက ကျွန်မတို့ဇာတ်လမ်းဆက်ကြမယ်"

ထိုအချိန်သူမချောင်ထဲကနေ လျင်မြန်စွာထလိုက်ကာ မီးကိုဖွင့်လိုက်၏ ထိုအခါမှ လန့်သွားသည်ထင်၏ နမ်းနေတာကရပ်ပြီးလှည့်ကြည့်လာသည် မတ်တပ်ရပ်နေသော ကျွန်မကိုမြင်လိုက်ရတော့ထိတ်လန့်အံ့ဩသွားတဲ့ သူတို့မျက်နှာကို‌ေသချာစွာကြည့်လိုက်၏

You've reached the end of published parts.

⏰ Last updated: Sep 04, 2023 ⏰

Add this story to your Library to get notified about new parts!

SystemJoon77(GL)Where stories live. Discover now