20(Unicode)

525 11 0
                                    


ထည်ရောင်ဝါ တစ်ယောက် ပွဲအခမ်းအနားပီးတော့  shopping mallရဲ့ လူသူရှင်းတဲ့ နေရာမှာထိုင်ကာ ဖုန်းသုံးနေသည်။

"Royal Rainbow Company လုပ်ငန်းစုရဲ့ CEOနေနန်းတော်က shopping mallဖွင့်ပွဲနဲ့ အတူ သူ့ကောင်လေးကိုပလက်ထပ်ခွင့်တောင်း"ဆိုသည့်သတင်းpageတစ်ခုမှတက်လာသည်ကြောင့် ထည်ရောင်ဝါ ဖုန်းသုံးရင်းကြည့်မိနေသည်။

ထိုpageကလည်း နေနန်းတော်က ကိုယ့်ကိုလက်ထပ်ခွင့်တောင်းတဲ့ပုံကစပီး အနမ်းမိုးခြွေနေသည့်ပုံအထိကိုပင်ဖော်ပြထားသည်။

ခုဆိုနေနန်းတော်နဲ့ ကိုယ့်ရဲ့ကိစ္စက social mediaပေါ်မှာပျံနှံကာ တော်တော်လည်းဂယက်ထနေသည်။

"ကိုကိုက ဒီရောက်နေတာကို ကျွန်တော့်မှာဖြင့်ရှာလိုက်ရတာ..."

ပွဲအခမ်းအနားပီးကတည်းက ရှောင်ထွက်သွားသည့်ကိုကို လိုက်ရှာရတာအမော။
ခုမှပဲ ‌ခုံတန်းလျားပေါ်မှာ အေးအေးဆေးဆေး ဖုန်းသုံးနေတဲ့ကိုကို့ ကိုယ်တွေ့မှပဲ စိတ်အေးရတော့သည်။

"Beeငါတို့နမ်းတေတဲ့ပုံတေ လိုင်းပေါ်မှာပျံနေပီ..."

"ကိုကိုကလည်း ကျွန်တော်က ကိုကို့ကိုယ် publicမှာ တရားဝင် စေ့စပ်ခွင့်တောင်းတာလေဒီလောက်တော့ ဖြစ်မှာပဲ..."

အစကတည်းက ဒီလိုဖြစ်လာမှာပဲကို  ကိုကိုက ခုမှဘာတေတွေးပူနေမှန်းမသိ။

"အဲ့ဒါတေငါမသိဘူး မင်းနဲ့ငါခုလိုနမ်းနေတဲ့ပုံတေ မေမေသာသိသွားရင် ငါအသတ်ခံရမှာ...ငါကြောက်တယ်..."

အစတုန်းကတော့ နေနန်းတော် ကိုယ့်ကိုစေ့စပ်ခွင့်တောင်းတာက ဒီလောက်ထိလူသိရှင်ကြားဖြစ်သွားမယ်လို့ မထင်တားခဲ့လို့လက်ခံလိုက်ခြင်းပင်။
မေမေ ကိုယ်တေပုံတေကိုယ်မမြင်ပါစေနဲ့သာဆုတောင်းရုံသာရှိတော့သည်။

"ဟုပ်ပါပီ...မောင့်ရဲ့ကိုကိုဘာမှစိတ်မပူနဲ့ အဲ့ကိစ္စကျွန်တော်ဖြေရှင်းပေးပါ့မယ်..."

မဖြစ်လာသေးတဲ့ကိစ္စကိုတွေးပူပီးကြောက်ရွံနေသည့် ကိုကို့ အားရင်ခွင်ထဲထွေးပိုက်ကာ အားပေးစကားဆိုလိုက်သည်။

"တကယ်နော် Bee..."

ခေါင်းလေးမော့ကာ ကိုယ့်ကိုမယုံသလိုဖြစ်ကာမေးလာသည်။

The sweetness of love(Completed)Opowieści tętniące życiem. Odkryj je teraz