98 8 2
                                    

Unicode

ကလင် ~ ကလင် ~
ကောင်တာစားပွဲပေါ်မှ ကြိုးဖုန်းလေးသည် မတိုးမကျယ်အသံဖြင့် မြည်လာခဲ့သည် ။

"ဟယ်လို your home cafe ကနေ ကြိုဆိုပါတယ် ။ ဘာလေးများ မှာယူချင်ပါသလဲခင်ဗျာ ။"

ဖုန်းထဲမှသူ၏စကားအဆုံး ဆိုင်ထဲမှ တစ်ဦးတည်းသောဝန်ထမ်းကောင်လေး၏ လက်သွယ်သွယ်များသည် ပျားပန်းခတ်လှုပ်ရှားလာခဲ့သည် ။ လှော်ထားသော ကော်ဖီစေ့များကိုကြိတ်၍ နို့နှင့်သကြား အဆညီညီရောစပ်ခြင်း လုပ်ငန်းဆင်များသည် ကော်ဖီဆိုင်များ၏ပြယုဒ်ပင်ဖြစ်ပါသည် ။ ထို့နောက်တွင်တော့ ကောင်လေးသည် သူ၏ခပ်ခွေခွေဆံပင်လိပ်များပေါ်သို့ အဖြူရောင်ဦးထုပ်တစ်လုံးကို ဖိချ၍ သွက်လက်စွာဖြင့် ပင်လယ်ကမ်းခြေဆီ ထွက်သွားခဲ့သည် ။

close ဟု ပြောင်းလဲသွားသော စာရွက်လေး လှုပ်ခက်နေသေးမှုနှင့်အတူ ဆိုင်ဝမှ လေခေါင်းလောင်းလေး၏ တချွင်ချွင်အသံမှာ လေထုထဲ ဝဲကျန်နေခဲ့သည် ။

ယခုကာလသည် နွေဦးရာသီပင်ရှိသေးသည်မို့ ဤကမ်းခြေမြို့လေးတွင်လည်း လူသိပ်မကျသေး ။ ထို့ကြောင့် မိုးပြာရောင် တစ်ယောက်ထဲပင် ဖြစ်လင့်တကား အော်ဒါများကို လိုက်ပို့ပေးနိုင်သေးသည် ။

ဤကမ်းခြေမြို့လေးသည် သိပ်မကြီးလှသော်လည်း အပန်းဖြေမြို့အဖြစ် နာမည်ကြီးလှသည် ။ မြို့အဝင်မှ နေကြာခင်းများ ၊ စုံလင်လှသော ဆိုင်များနှင့် လှပသပ်ရပ်သောအိမ်ခြေများ ၊ ဘယ်လမ်းကို ဝင်ဝင် ကြည်လင်တောက်ပသောရေများ သဲဝါများနှင့်ဆုံးသည့် ကမ်းခြေ ။ ထိုအရာများသည် ကမ်းခြေမြို့လေး၏ အမှတ်အသားတစ်ခုပင် ဖြစ်လေသည် ။

​နွေရာသီတွင် လူစည်ကားတတ်သော်ငြား ကျန်သည့်ရာသီများ၌လည်း ပြတ်လပ်မနေခဲ့ဘဲ မြို့လေးတွင်လည်း တည်းခိုခန်း ဟော်တယ်များအပြင် ရက်ပိုင်း ၊ လပိုင်းငှား တိုက်ခန်းများ အိမ်များပေါများလှသည် ။

လူဝင်မစဲ တသည်းသည်းဖြစ်နေသော ဤမြို့လေးတွင် မိုးပြာရောင်မှာတော့ မြို့ခံပင်ဖြစ်ပါသည် ။ သူ၏မိဘများသည် သူမွေးခါစကပင် မိုးပြာရောင်အား အဘွားဖြစ်သူထံ အပ်၍ မြို့လေးပေါ်မှ ထွက်သွားကြခြင်းဖြစ်သည် ။ ထို့နောက် တစ်ခေါက်လေးပင် ပြန်မလာခဲ့ ။ သေသလား ၊ ရှင်သလားပင် မသိရချေ ။

The only home in this worldWhere stories live. Discover now