အခန်း (၁၃၈) ​ရှင်​​ဖြစ်​​နေလို့!

2.8K 301 22
                                    

Zawgyi

အဲ့​နောက်​စက္ကန့်​ပိုင်းအတွင်း မိန်းက​လေးရဲ့မျက်​လုံးများမှာ လုံးဝပွင့်​သွား​ပေသည်​။

ခဏအတွင်းမှာပင်​ ​မျှော်​လင့်​ချက်​ကင်းမဲ့​နေတဲ့ မျက်​ဝန်းကြည်​ကြည်​​တွေထဲ၌ အမျိုးသားတစ်​​ယောက်​ရဲ့ပုံရိပ်​က ထင်​ဟပ်​လာ​ပေ၏။ သူမက ​တွေ​တွေကြီးစိုက်​ကြည့်​မိ​နေပြီးမှ၊ သူမမျက်​ဝန်းများက အလျင်​အမြန်​ပင်​ မှုန်​ရီ​ဝေဝါးလာ​တော့သည်​။ မျက်​ရည်​မိုးသီး​တွေဖြစ်​တည်​လာလျက်​၊ သူမရဲ့မျက်​ဝန်းများမှ တလိမ့်​လိမ့်​စီးကျလာ၏; ၎င်းတို့က တစ်​စက်​ပြီးတစ်​စက်​ အဆုံးအဆမဲ့စွာကျဆင်းလာ​ပေ၏. . .

"နန်​ရှီ..." လုထင်း​ရှောင်​တစ်​​ယောက်​ ​ကောင်​မ​လေးရဲ့မျက်​ရည်​များ​ကြောင့်​ ​ဆောက်​တည်​ရာမရဖြစ်​သွားသည်​၊ "ဘာဖြစ်​လို့လဲ? ဘယ်​နားထိခိုက်​သွားလဲ? ​တောင်းပန်​ပါတယ်​၊ ကိုယ်​ လာတာ​နောက်​ကျသွားတယ်​... မငိုနဲ့​တော့​နော်​... ကိုယ်​ မင်းကို​ဆေးရုံပို့​ပေးမယ်​... မင်း... မငိုနဲ့​တော့​လေ​နော်​?"

သူ့နှလုံးသားတစ်​ခုလုံး ရပ်​တန့်​သွားမတတ်​ပင်​။

နန်​ရှီ့မျက်​ဝန်းများက ရဲတွတ်​​နေကာ သူမမျက်​နှာ​ပေါ်သို့ မျက်​ရည်​များကကျ​နေတုန်းပင်​။ သူမလက်​​မြောက်​ဖို့ ကြိုးစားလိုက်​​ပေမယ့်​ လမ်းတဝက်​မှာတင်​ပြန်​ကျသွား၏။

"မင်း ထ,ချင်​လို့လား?" လုထင်း​ရှောင်​က သူမ ထနိုင်​ရန်​ အမြန်​​ပြေးကူလိုက်​သည်​။

သူမကို အိပ်​ယာ​ပေါ်ကမဖို့ သူလုပ်​လိုက်​တဲ့အချိန်​မှာပင်​ ရုတ်​တရက်​ သူမလက်​​တွေက သူ့လည်​ပင်းကို လှမ်းဖက်​လိုက်​​တော့သည်​။ သူ့ပခုံး​ပေါ်ဝယ်​ သူမ​ခေါင်းကနစ်​ဝင်​လျက်​ ငို​ကြွေးမှု​ကြောင့်​ သူမတကိုယ်​လုံးက တုန်​ယင်​​နေ​ပေသည်​။ သူမမျက်​ရည်​များက သူ့လည်​ပင်းမှတဆင့်​ စီးကျသွားပြီး သူ့အင်္ကျီကိုစိုရွဲသွား​စေသည်​. . .

သူ့နှလုံးသားကို ဓားနဲ့မွှန်းလိုက်​သကဲ့သို့ လုထင်း​ရှောင်​ခံစားရ၏။ သူ့ရဲ့ကြီးမားတဲ့လက်​​တွေက သူမကိုအထိအခိုက်​မခံတဲ့ ​ကြွေရုပ်​လိုမျိုး ခပ်​ဖွဖွ​လေးပုတ်​​ပေးလာသည်​၊ "မ​ကြောက်​နဲ့​နော်​... အဆင်​​ပြေသွားပါပြီ... အားလုံးအဆင်​​ပြေသွားပါပြီ... ကိုယ်​​တောင်းပန်​ပါတယ်​... ​တောင်းပန်​ပါတယ်​​နော်​..."

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၂ Z+UWhere stories live. Discover now