အပိုင်း(၁) / အပိုင္း(၁)

1.1K 21 2
                                    

(ဤထဲတွင် ပါဝင်သောလူပုဂ္ဂိုလ်၊ နာမည်၊ ဇာတ်ကောင်စရိုက်၊ နေရာဒေသ၊ အဖြစ်အပျက် စသည်တို့သည် စာရေးသူ၏စိတ်ကူးသက်သက်သာလျှင်ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုသောဆန္ဒမရှိသည့်အတွက် အကယ်၍များ အပြင်လက်တွေ့လောကနှင့် တိုက်ဆိုင်သည်များ ရှိခဲ့လျှင် မေတ္တာရှေ့ထား၍ ခွင့်လွှတ်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။)

Unicode

" ကျွန်တော် တက္ကသိုလ်ဆရာဖြစ်ချင်ခဲ့တယ်။ အထူးသဖြင့် ဖီလိုဆိုဖီမေဂျာမှာ ဖြစ်ချင်တယ်။ ဒါ့ကြောင့် ဖီလိုဆိုဖီကို day တက်တယ်၊ ဂုဏ်ထူးတန်းဝင်အောင်ကြိုးစားတယ်။ အခု မဟာတန်းဝင်ခွင့်ဖြေခါနီးမှ မိသားစုစီးပွားရေးကို ဦးစီးရမယ်တဲ့လားဖေဖေ။ ဘာဖြစ်လို့ကျွန်တော့်ကို မျှော်လင့်ချက်တွေပေးခဲ့ရတာလဲ"

ခံပြင်းမှုများရောယှက်နေသော်လည်း စိတ်နှလုံးထဲမှ ပေါက်ကွဲမှုကို ထိန်းချုပ်ထားဟန်တူသောစကားသံသည် အိပ်ခန်းထဲမှထွက်ပေါ်လာသည်။

စကားပြောနေသောလူငယ်သည် အသက်၂၀ကျော်သာရှိ မည်ဖြစ်ပြီး စာကြည့်ဆိုဖာပေါ်တွင် ခါးအနည်းငယ်ကုန်း၍ ထိုင်နေသည်။ လက်နှစ်ဖက်ကိုကား ပေါင်ပေါ်တင်ထား၏။ သူ့သွင်ပြင်သည် တောင့်တင်းကျစ်လျစ်ပြီး အသားညိုသည့် ဘက်လုကာ စိုစိုပြည်ပြည်ရှိလှသည်။ ခပ်တိုတိုညှပ်ထားသောဆံပင်ကေက ဥပဓိရုပ်ကောင်း သည့်မျက်နှာအား ပို၍တည်ကြည်စေသည်
နီရဲသယောင်ရှိလှသည့်နှုတ်ခမ်းများက ဆေးလိပ်ကို ရှောင်ကြဉ်ပုံပေါ်ပြီး မျက်ဝန်းများက တောက်ပလှ၏။ မကျေနပ်မှုကြောင့်လော၊ ပင်ကိုယ်လော မသိပေ၊ နှုတ်ခမ်းများအား မြဲမြံစွာစေ့ထား၏။

သူနှင့်မျက်စောင်းထိုးရှိ ဆိုဖာတွင် သက်တောင့်သက်သာ ထိုင်နေသည့် အဖေဖြစ်ဟန်တူသူ အသက်၅၀ကျော်လူတစ်ဦး ထံမှ စကားသံထွက်ပေါ်လာခဲ့သည်။

" ၁၀တန်းအောင်ထားပြီးသား လူငယ်တစ်ယောက်အနေနဲ့ သားမှာအခွင့်အရေးရှိတယ်။ ဒါ့ကြောင့် သားကြိုက်ရာကိုတက်ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ သားသိပါတယ်၊ မိသားစုစီးပွားရေးကို သားသမီးကဆက်လက်လုပ်ကိုင်ရမယ်ဆိုတာကိုပေါ့။ ဉာဏ်ကောင်းတဲ့သားဟာ ဖေဖေပြောတာကိုသဘောပေါက်ပါလိမ့်မယ်"

အလွှာငယ်ရစ်ကာဖွဲ့ / အလႊာငယ္ရစ္ကာဖြဲ႕Where stories live. Discover now