7🔞

5.5K 130 4
                                    

(Uni)
E Na()-7

ရင်ခွင်ပေါ်မှီရင်းအိပ်ပျော်နေသည့် ယောင်းရဲ့အသက်ရှူနှုန်းတွေကို အသေးစိတ်လိုက်ခံစားကြည့်နေမိသည်...အသက်ရှိုက်နှုန်းလေးတစ်ခုကအစ မြတ်မြတ်နိုးနိုးဖြစ်နေမိသည်အထိ အချစ်ကဆန်းကြယ်သည်...
လူသားတစ်ယောက်ကို ချစ်မိနေသည့်အတွက်လည်း နောင်တမရခဲ့ပေ...မိမိတို့သည် ဘဝမတူသည့်ရှင်သန်ကြသူချင်းမို့ အခ်စ္က

ယောင်းအတွက်နာကျင်မှုတွေ ပေးမိမှာလည်းစိုးရိမ်ရတာအခါခါ...သို့ပေမယ့် အပြစ်ကင်းစင်သည့်မျက်နှာလေးနှင့်စိတ်ထားလေးက မိမိအပေါ်စိုးမိုးနိုင်ဆဲပင်

နှုတ်ခမ်းလေးကိုလက်နဲ့အသာဖိကြည့်မိတော့ မျက်ခုံးလေးတွေညွှတ်ကျသွားကာ ရင်ဘတ်ကို လက်သေးသေးလေးတွေနဲ့ပွတ်သပ်လာရင်း
"Koo......"

"ယောင်း...Happy Birthday..."

အိပ်ချင်မူးတူးလေးကနေ မိမိပြောတာကိုဘာသာပြန်နေဟန် ယောင်းက ကြောက်အမ်းနေလျက်ရှိ၏
"အဟက်...ဘာလေးလဲကွာ"
နှာသီဖျားလေးကိုအသာဖိကိုက်လိုက်ပြီး မျက်နှာလေးအနှံ့အနမ်းတွေတဖွဖွပေးရင်း မနက်ခင်းကိုနိုးထစေခဲ့သည်

"ဟွန်"
အိပ်ချင်မူးတူးကနေ ကယောင်ခြောက်ခြားဖြစ်နေဟန်လေးကြောင့် ယောင်းပါးလေးတွေကို တရစပ်ဖိညှစ်ပြီးနှုတ်ခမ်းပါးလေးကို တရစပ်အနမ်းတွေဖိကပ်ပစ်မိသည်

ဘယ်လိုတောင်အသည်းယားစရာလေးမှန်းမသိ

"အွန်း...ဝွန်း...ဟုတ်တယ်
မေ့နေတာ"

"အဟက်...ကို့မွေးနေ့ကိုယ်မေ့နေတယ်တဲ့လား ချစ်စရာကောင်းတဲ့လူသားလေး"

"ဟီး...သတိပေးလို့ကျေးဇူးနော် Koo..."

"ကျေးဇူးပဲလား...."

ထိုစကားကြောင့် Kooပါးပြင်ဖွေးဖွေးကိုမြတ်မြတ်နိုးနိုးနမ်းရှိုက်ရင်းမှ "ချစ်တယ်....နောင်ဘဝထိချစ်မှာ" ဟုအကြိမ်ကြိမ်ရေရွတ်ပြောဆိုရင်း ဂတိတွေပေးနေမိ၏

"အဟွင်း...ကိုယ်ရှိနေသရွေ့ နောက်ဘဝဆိုတာ အလြယ္တကူ မရောက်ဖူးစေရဘူး
ကို့ယောင်းအတွက် ကိုရှိတယ်"

"Koo..."

"ဟင်"

"ဝေးမှာစိုးတယ်..."
အသက်တစ်နှစ်ကြီးသွားသည်မို့ ဝေးရဖို့ခြေတစ်လှမ်းပိုလှမ်းနေရပြီဆိုတာကိုအသိဝင်ပြီး Kooနဲ့ခွဲရမှာကို နှမြောတသဖြစ်လာမိသည်...

E Na(えな) [Completed]Where stories live. Discover now