*ဝုန်း..!*
ရုတ်တရက်ကြီး ပွင့်လာသော တံခါးကြောင့် ရိပေါ် အလျင်အမြန် ထရပ်လိုက်သည်။ ဆစ်ခနဲ ဖြစ်သွားသော ခြေထောက်က ဆေးလိမ်းထားတာတောင် မသက်သာချေ။
*အရှင်*
ရိပေါ် တုန်ယင်စွာ ခေါ်မိ၏။ အရှင်သည်မေးကြောကြီးတွေထောင်ကားကာ အသက်ပြင်းပြင်းရှူ၏။ မျက်ဝန်းတွေက စူးရှနေကာ ရိပေါ်ကို မုန်းတီးစွာ စိုက်ကြည့်နေ၏။ ရိပေါ် ကြောက်လန့်စွာ မျက်ဝန်းလေးတွေက တဖျတ်ဖျတ်တုန်ယင်နေသည်။
*မင်းစိတ်ဓာတ်က အဲ့လိုလား ဝမ်ရိပေါ်။ ဟမ်.!*
*အ..အရှင် ဘာတွေပြောနေတာလဲ*
ရိပေါ် တစ်ကယ်နားမလည်စွာ မေးမိခြင်းဖြစ်သည်။ ရိပေါ် ကြောက်လွန်း၍ လက်ဖျားလေးတွေဖြင့် ဝတ်ရုံတော်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။
အရှင်သည် နီရဲနေသော မျက်နှာဖြင့် ရိပေါ်ရှေ့တစ်လှမ်းချင်းတိုးလာကာ ရိပေါ်၏ ပုခုံးတွေကို ဆုပ်ကိုင်သည်။ အားပါလွန်း၍ ရိပေါ် လက်မောင်းသားလေးတွေ နာကျင်သွားရသည်။ ရိပေါ် အရှင့်အား ခပ်မော့မော့လေးငေးကာ အရှင်သည် ရိပေါ်ကို မုန်းတီးစွာ စိုက်ကြည့်ပြီးနောက်
*အာ့..!*
*ဘုန်း*
အောက်သို့ ပစ်စလက်ခတ်ပုံကျသွားသည့် ရိပေါ်။ ရိပေါ် မယုံကြည်နိုင်စွာ အရှင့်ကို ကြည့်နေမိသည်။ မျက်ရည်တွေသည် ဘယ်ကစီးကျလာမှန်းမသိစွာ အတားအဆီးမရှိ စီးကျလာ၏။
*မင်းကို ငါ မချစ်ဘူး ဝမ်ရိပေါ်။ ငါ မင်းကို သိပ်မုန်းတာ။ ဒီရာထူးရနေတာတောင် မင်းအကိုကို ကျေးဇူးတင်သင့်တာကို မင်းက သူ့ကို လုပ်ကြံရဲတယ်။ မင်းက ဘယ်လိုလူလဲ ဝမ်ရိပေါ်*
*ကျွန်..ကျွန်တော် မဟုတ်ဘူး*
ရိပေါ် ခေါင်းလေးခါကာသာ ငြင်းနိုင်သည်။ လက်ဖဝါးလေးက နာကျင်သွား၍ ရိပေါ် ခပ်ဖွဖွပွတ်ရင်း အင့်ခနဲ ရှိုက်၏။ အရှင်သည် ရိပေါ်နှင့် တန်းတူထိုင်ချလာကာ ရိပေါ်၏ ပါးပြင်ဖောင်းဖောင်းလေးတွေအား ဆွဲညှစ်သည်။ စူထွက်လာသော နှုတ်ခမ်းသားရဲရဲလေးတွေနှင့် နီရဲသွားသော ပါးပြင်လေး။ ရိပေါ် မျက်ရည်ကြည်လေးတွေသည်လဲ တစ်လိမ့်ချင်း လိမ့်ဆင်းကျလာသည်။

YOU ARE READING
ကိုယ်လုပ်တော် ဝမ်
Fanfiction- Zhanyi - [ Asshole, Possessive , 18+ , M-PREG, Weak ]