*အရှင်..ကျွန်တော့် ခေါ်သံကို ကြားရဲ့လားဟင်။ အရှင် ဒီလိုအချိန်အကြာကြီး အိပ်နေလို့ မဖြစ်ဘူးလေ..အရှင့်မှာ ကျွန်တော်နဲ့ ကျွန်တော်တို့ ကလေးလေး ရှိသေးတယ်*
ရိပေါ်သည် ရှောင်းကျန့်၏ လက်ချောင်းလေးတွေအား ရေပတ်တိုက်ပေးရင်း မျက်ရည်တစ်ချို့ ကျလျက် တိုးတိုးလေး ရေရွတ်သည်။ အရှင့်ကို ရိပေါ် လိုက်ခေါ်ဖို့ ကြိုးစားရင် ရိပေါ် ဗိုက်ထဲက အရှင်နဲ့ရိပေါ်၏ ကိုယ်ပွားလေး ရှိသေးသည်။
ရိပေါ်တို့ သေဆုံးသွားရင်တောင် ကလေးလေးက ဆက်ပြီးအသက်ရှင်နေရအုံးမှာပင်။ သူ့အဖေဘို တိုင်းပြည်ကို ကာကွယ်ဖို့၊သူ့အဖေလို ရဲရင့်ဖို့။
*အရှင်..ကျွန်တော်တို့မှာ အမှတ်ရစရာအတိတ်တွေ မရှိဘူး အရှင်။ ဒါပေမယ့် ကျွန်တော်တို့ သိပ်ချစ်ကြတဲ့ နှလုံးသားတွေ ရှိကြတယ်လေ။ အရှင် ကျွန်တော့်ရဲ့ နှလုံးခုန်သံကို ကြားနေရတယ်မလား။ ဒီအတိုင်း..ကျွန်တော့်ရင်ခုန်သံအတိုင်း အရှင်လိုက်လာပေးလို့ မရဘူးလား ဟင်*
ရိပေါ် အရှင့်၏ လက်အား သူ့ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်သည်။ တဒိတ်ဒိတ်ခုန်နေသော နှလုံးခုန်သံသည် အရှင့်အတွတ်။ အရှင်တစ်ယောက်ထဲအတွတ် ဖြစ်တည်နေတဲ့ နှလုံးခုန်သံပေမို့ အရှင် ကြားနိုင်ပါရဲ့။
*အရှင်..အရှင် သတိကပ်နေသေတယ်ဆိုတာ ကျွန်တော် သိတယ်နော်။ ကျွန်တော်တို့ဆီကို ပြန်လာပေးပါ*
*ရိပေါ် ..ကိုယ်လုပ်တော် ဝမ်*
ရှောင်းကျန့် အဖြူရောင်လွင်ပြင်ကြီးတွင် လှဲအိပ်မိနေရာမှ ဆက်ခနဲ နှိုးထလာရသည့်အဖြစ်။ ရိပေါ် ငိုနေသည်။ ပြီးတော့ ရှောင်းကျန့်၏ လက်တွေသည် တစ်နေရာရာကို ညွှန်ပြနေသလိုလို။
ရှောင်းကျန့် ထိုအတိုင်း လမ်းလျှောက်လာခဲ့မိ၏။ သေချာပေါက် ဒီနေရာသည် ကိုယ်လုပ်တော် ဝမ်ဆီသူ ရောက်မည့်နေရာဖြစ်သည်။
*ဟင်..!*
ရှောင်းကျန့် အလင်းရောင် အပေါက်ဝ တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုနေရာသည် သူ ပြန်ရမည့် လမ်းပင်ဖြစ်လိမ့်မည်။ ရှောင်းကျန့် ပျော်ရွှင်သွားရာ ထိုနေရာကို ပြေးလိုက်ပေမယ့် ရုတ်တရက် ပိတ်ကျသွားသည့် လမ်း။ ဘာကိုမှ မမြင်ရတော့ပေ။

YOU ARE READING
ကိုယ်လုပ်တော် ဝမ်
Fanfiction- Zhanyi - [ Asshole, Possessive , 18+ , M-PREG, Weak ]