(၂)

1.3K 221 0
                                    

ဖုကောရွှီဆိုတာက ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ သြဇာအာဏာကြီး ငွေကြေးချမ်းသာသူ သားသမီး ဒုတိယမျိုးဆက် အစစ်ပဲ။ ဒါမှမဟုတ် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ တတိယမျိုးဆက်ဆိုလည်း မမှားဘူး။

သူ့အဖေက စီးပွားရေး လုပ်တယ်။ ဒါပေမဲ့ သူ့ဦးလေးတွေနဲ့ အဘိုးတွေ အကုန်လုံးက အကောင်ကြီးကြီးတွေ။ သူ့အဘိုးရင်းဟာဆိုရင် တိုင်းစစ်ဌာနချုပ်တစ်ခုရဲ့ အကြီးဆုံး၊ အလွှမ်းမိုးနိုင်ဆုံး အာဏာအရှိဆုံး ပုဂ္ဂိုလ်ပဲ။

သူက အခု H တက္ကသိုလ် စီးပွားကူးသန်းရေးမေဂျာ တတိယနှစ်မှာ လေ့လာနေတယ်။ နောက်နှစ် နောက်ဆုံးနှစ် ဖြေပြီးလို့ ဘွဲ့ရရင် သူ့ရှေ့မှာ ဆီးကြိုနေတာက တောက်ပထိန်လင်းနေတဲ့ ပန်းခင်းလမ်း။ သူ့အတွက်ကတော့ အခုချိန်မှာ အရေးကြီးဆုံးအရာက တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝခံစားဖြစ်ဖို့ပါပဲ။

ဖုကောရွှီ ဒီနေ့ ကျောင်းအနီးအနားက Steak House တစ်ခုမှာ နေ့လည်စာ ဝင်စားဖြစ်တယ်။

သူနဲ့ သိပ်မနီးမဝေးမှာ ထိုင်နေတာကတော့ မေဂျာအတူတူက ဂျူနီယာညီမလေးပဲ။ ဒီညီမလေးက ချက်ချင်းဆိုသလို သူ့အာရုံကို ဖမ်းစားထားနိုင်လေတယ်။ 

ဒီဒုတိယနှစ်ကျောင်းသူလေး နာမည်က ချူချန်ရွှင်တဲ့။ တက္ကသိုလ် ပရဝဏ်ထဲမှာ သူမက အတော်အတန် ပေါ်ပြူလာဖြစ်တဲ့အထဲ ပါတယ်။

ဆံပင်ရှည်ရှည်ကို လည်စည်းပုဝါပတ်ထားတဲ့ စတိုင်နဲ့၊ ရုပ်ကလေးကလည်း ချော၊ ခြေတံလက်တံ သွယ်သွယ်လျလျ၊ ကိုယ်လုံးကိုယ်ပေါက် ကျစ်ကျစ်လေးနဲ့။ သူမအသွင်ဟာ လှလည်း လှတယ်၊ ဖြူစင်သိမ်မွေ့ပုံလေးလည်း ရှိတယ်။ သူမကို မေဂျာထဲက လူတိုင်း လှတယ်လို့ တသမတ်တည်း ချီးကျူးကြတာ။ သူမက မေဂျာ queen လို့ ပြောရင်တောင် ချဲ့ကားရာ မရောက်ဘူး။

ဒါပေမဲ့ ဖုကောရွှီကတော့ ဒီလိုမျိုး ဗိုင်းကောင်းကျောက်ဖိကောင်မလေးတွေကို မလိုက်ဖြစ်တာများတယ်။

ဒီလိုမိန်းကလေးတွေကို လိုက်ပိုးပန်းရင်လေ၊ မာနက နှာခေါင်း မိုးထိုးလောက်အောင် ကြီးတာ။ ဖုကောရွှီတို့လို သူဌေးသားတွေကို နှစ်ခါ သုံးခါလောက်တော့ ရှယ်ငြင်းပြတတ်တယ်။ ပြီးရင် မိန်းမတို့ ဣန္ဒြေ ရွှေပေးလို့ မရဆိုပြီး ငွေကြေးဥစ္စာတွေကို ရွံစရာလို နှာခေါင်းရှုံ့ပြတတ်သေးတာ။

ကမ္ဘာပျက်ကပ် အလွန်Where stories live. Discover now