EP_3(မှော်တောအုပ်)

1.9K 197 11
                                    

နတ်သမီးလေးတွေရဲ့လက်ထဲမှာအော်ရိုရာလေးဟာ တစ်နှစ်ပြီးတစ်နှစ်ကြီးပြင်းလာခဲ့တယ် သူမလမ်းလျှောက်တတ်ခါစ အရွယ်မှာ တော့အိမ်ရဲ့အနောက်ဘက် အိမ်ရဲ့အရှေ့ဘက် ဘေးပတ်လည်ကတောအုပ်ထဲမှာလျှောက်သွားနေခဲ့တော့တယ် သူမကလမ်းလျှောက်ခါစမို့ မကြာခနလဲကျနေပြီး ဝေးဝေးလည်းမသွားနိုင်ပေ ဒါကြောင့်နတ်သမီးလေးတွေဟာ အော်ရိုရာကိုစိတ်ချလက်ချလွှတ်ထားခဲ့လေသည် အော်ရိုရာလဲကျတိုင်း နတ်သမီးလေးတွေဟာ သူမတို့ရဲ့မှော်အစွမ်းနဲ့ပြန်လည်ကုသပေးခဲ့တယ် နတ်သမီးလေးတွေဟာ အော်ရိုရာကို အသက်တမျှမြတ်နိုးကြပြီး ကောင်းစွာစောင့်ရှောက်ကျရသည် သို့သော်တစ်ခါတစ်ရံလည်း အမှားလုပ်မိတာမျိုးလည်းရှိခဲ့သည် ​ေအာ်ရိုရာကို သူမတို့ တောအုပ်ထဲခေါ်ဆောင်လာတဲ့အချိန်တုံးက သူမတို့က ကလေးကိုနို့တိုက်ရကောင်းမှန်းမသိခဲ့ပေ ထို့အကြောင်းကိုမယ်ရီသိတော့ သူမရဲ့ကျီးကန်းကို နို့တိုက်ဖို့တာ၀န်ပေးတော့သည် ကျီးကန်းခင်ဗျာ နတ်သမီးတွေမတွေ့အောင်လည်းရှောင်ရ နို့မှုန့်ကိုလည်းကြံဖန်ပြီးယူရ နို့ဘူးကိုလည်းရှာရသေးတယ် နောက်ဆုံးတော့ နို့တစ်ဘူးရသွားတော့တာပေါ့ ဒီလိုနဲ့အော်ရိုရာမှာ ကျီးကန်းနို့ထိန်းတစ်ယောက်ရရှိသွားတော့သည်

မယ်ရီဟာအော်ရိုရာရဲ့ဘ၀တစ်လျှောက်လုံးကို အမြဲတမ်းစောင့်ကြည့်နေခဲ့သည် အော်ရိုရာလေးဟာဆုတောင်းတွေအတိုင်းပင် လှပစွာကြီးပြင်းလာခဲ့သည် ရွှေရောင်တောက်ပနေတဲ့ဆံပင်တွေရယ် ပင်လယ်လိုညို့ငင့်နိုင်တဲ့ မျက်လုံးပြာလေးတွေရယ် နှင်းဆီဖူးလိုနှုတ်ခမ်းရဲရဲလေးရယ် သူမဟာအဆုံးစွန်ထိလှပခဲ့လေသည် သူမကြီးလာတာနဲ့အမျှစပ်စုချင်စိတ်ဟာလည်းအလွန်များပြားလာခဲ့သည်
နေ့တိုင်းတောအုပ်ကိုလှည့်ပတ်ကြည့်ရှုသည် ချောက်ကမ်းပါးနားကိုသွားသည် မြောက်ဘက်စူးစူးကနန်းတော်ကြည့်သည် သူမကြည့်ရတာပျင်းလာရင် ကမ်းပါးပေါ်မှာပေါက်နေတဲ့ သစ်ပင်ကြီးရဲ့သစ်ရွက်ခြောက်ပုံကြီးထဲမှာ လူးလိမ့်ပြီးဆော့ကစားနေတတ်သည် သူမတောအုပ်ထဲက ပြန်လာတိုင်းအကျီတွေကဖရိုဖရဲဖြစ်နေတတ်ပြီး ဆံပင်မှာလည်းသစ်ကိုင်းခြောက်တွေအမြဲလိုလိုကပ်နေတတ်သည် နတ်သမီးတွေက သူမပြန်လာတိုင်း သန့်ရှင်းရေးလုပ်ပေးရသည် ဆူလည်းမဆူရက်ခဲ့ပေ။

သူမရဲ့ချိုမြိန်သောကျိန်စာ(complete)Where stories live. Discover now