Young Maater (15)

509 63 9
                                    

(Unicode)

နောက်နေ့မနက်တွင် နေရောင်ခြည်ကတောက်ပနေကာ
နွေးထွေသောနေရောင်ခြည်များကြောင့် Wei Xiaoရဲ့အခန်းက လင်းထိန်နေသည်။
ကုတင်ပေါ်တွင် ပုံရိပ်နှစ်ခုရှိနေကာ သေးငယ်သောပုံရိပ်လေးကကြီးမားသောပုံရိပ်ရဲ့  တင်းကြပ်စွာပွေ့ဖက်ထားခြင်းကိုခံနေရတယ်။
Bao Baoကတော့ မနေ့ညထဲကရထားထားတဲ့ အံ့သြထိတ်လန့်မှုကြောင့် အခုချိန်တွင် တုန်လှုပ်ခြောက်ခြားစွာ ပျံဝဲနေသည်။

မနေ့ညက
Long Zixiသူရဲ့ကိစ္စတွေကိုအပြီးသတ်ပြီးသည်နှင့် ညနက်ချိန်တွင်ပြန်ရောက်လာခဲ့သည်။
ထိုအချိန်တွင် Wei Xiaoသည် ဆေးသောက်ပြီးပြီဖြစ်ကာ သူရောက်လာတော့ Wei Xiaoကုတင်ပေါ်တွင် အိပ်ပျော် နေသည်ကိုတွေ့လိုက်ရသည်။သူသက်ပြင်းချလိုက်သည်
'ကြည့်ရတာ သူတို့ဒီနေ့တော့စကားပြောဖို့မဖြစ်နိုင်တော့ဘူးထင်တယ်'

Long Zixi ဘာကြောင့်မှန်းမသိသော်လည်း သူWei Xiaoရဲ့အနားတွင်ရှိနေလျှင် သူရဲ့စိတ်ကိုကာရံထားသောတံတိုင်းများပြိုကျကာ အချိန်တိုင်းသတိအနေအထားဖြစ်နေတတ်သော သူရဲ့စိတ်သည်လည်း တင်ကြပ်မှုတွေလျော့ကျသွားသည်။သူတစ်ဖက်လူကို တွေ့နေရတာကိုသဘောကျသည်၊စကားတွေပြောနေရတာကိုလည်း သဘောကျသည်။
ဒီလိုခံစားချက်မျိုး သူ့တစ်ခါမှမခံစားဖူးပေ။

သူအကြောင်းတွေကိုလည် အိမ်မက်မက်တတ်ကာ။တခါတစ်လေ
Long Zixiသူတောင်မသိလိုက်လိုက်ပါဘဲနဲ့ ထိုကောင်ငယ်လေး(Wei Xiao) အကြောင်းတွေးနေမိတတ်သည်။

သူလာမတွေ့နိုင်ခဲ့တဲ့ ၃လအတွင်းတွင် မက်ဆေ့ပို့ရုံသာတတ်နိုင်ခဲ့သ
ဖြင့် အချိန်တိုင်းစိတ်အလိုမကျဖြစ်ကာ သူရဲ့လူတွေပင် အနားမှာဂရုတစိုက်နဲ့ သတိထားနေခဲ့ကြရတယ်။တွေချင်နေပေမယ့်လည်းသွားမတွေ့နိုင်တာကြောင့် ထိုကလေးလေး၏ မက်ဆေ့တွေကိုသာ စောင့်မျှော်ခဲ့ရသည်။

မက်ဆေ့ပို့လာခဲ့လျင်တော့ သူ
ထိုစာတွေကို အကြိမ်ကြိမ်ဖတ်ကာ ပျော်နေတတ်ပြီး  သူစာပြန်ပို့ဖို့ အချိန်ရလျှင်တော့ ချက်ချင်းကို စာပြန်ပို့သည်။
Long Zixiက စကားများများပြောတက်သူမဟုတ်၊တစ်ဖက်လူက ပြောလာလျင်လည်း
အနည်းငယ်သာပြန်ပြောလေ့ရှိသူဖြစ်သော်လည်း Wei Xiaoနှင့်ရှိနေချိန်တိုင်းတွင်တော့ ကောင်လေးနှင့်စကားပြောရန်သာ နည်းလမ်းအမြဲရှာနေတတ်သည်။
သူက Xiao Xiaoနဲ့စကားပြောရတာ၊သူပို့တဲ့စာတွေကိုဖတ်ရတာ အလွန်သဘောကျသည်။

မင်းရဲ့နောက်ကတစ်ဖဝါးမခွာ(Translation) Where stories live. Discover now