One Short

2.9K 237 29
                                    

"တောက်! ဘာလုပ်လုပ် အသုံးကိုမကျကြဘူး"ဟု အစည်းအဝေးခန်းထဲတွင် သောင်းကျန်းနေသော CEOအမျိုးသမီးတစ်ယောက်။

"CEOရှင့်..."

"တော်တော့ ကျွန်မဘာမှမကြားချင်ဘူး ခုလိုနောက်ထပ်မဖြစ်စေနဲ့ အကုန်သွားလို့ရပြီ" သူမသည်အသက်29နှစ်အရွယ်သာ ရှိသေးသော်လည်း လက်ရှိtop 5 companyတွေရဲ့ no.1နေရာမှာရပ်တည်နေသော အမျိုးသမီးပင်။ သူမနာမည်က        မိုးထက်သံစဉ်။ ထိုသို့အောင်မြင်ကျော်ကြားသည့်companyရဲ့နောက်တွင် အကြီးစားmafiaဂိုဏ်းထောင်ထားသေးသည်။ သူမစိတ်ဖိစီးမှုများလာသည့်အခါ သူမမှာလူသတ်တတ်သေးသည်။ သူမလှသလောက် သူမနားကိုပုရိသများ တစ်ယောက်မျှမချဉ်းကပ်ရဲပေ။ ကပ်လိုက်သည်နှင့် ထိုကပ်သူ၏ပြစ်ဒဏ်မှာ မသေးချေ။

ကျွန်မလည်း စိတ်ညစ်ညစ်ဖြင့် ထိုင်နေကျ coffeeဆိုင်ကို ထွက်လာခဲ့လိုက်သည်။ လာတုန်းကတော့ ခနလေးပဲထိုင်ပြီး အလုပ်ကိုတန်းပြန်မည်ဟုစဉ်းစားခဲ့သော်လည်း တစ်စုံတစ်ယောက်မှ မိမိအား ငြို့ယူထားနေလေသည်။ ထိုသူမှာ ကျွန်မရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကြောင့်ပင်။

သူမအတော့်ကိုလှသည်။ အရုပ်မလေးလို မထိရက် မကိုင်ရက်နိုင်အောင် လှသည်မို့ ကျွန်မလည်း ‌တွေတွေလေးကြည့်နေခဲ့မိသည်။ ထိုကောင်မလေးမှာတော့ လက်ထဲရှိ ၀တ္ထုစာအုပ်အား ဖတ်လိုက် coffeeလေးသောက်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။

ခနအကြာ ကျွန်မရဲ့ဖုန်းမှအသံမြည်လာသည်။

"ဟယ်လို"

"CEOရှင့် ခနနေmeetingရှိပါတယ်ရှင့်"အတွင်းရေးမှူးမလေး ဖုန်းဆက်လာခြင်းသာ။

"အေး ငါခုလာခဲ့မယ်" ဟုဆိုကာ ဖုန်းချလိုက်သည်။ အော် ကလေးမလေးရေ ကိုယ်ခုတော့သွားလိုက်အုံးမယ် နောက်တစ်ကြိမ်ထပ်‌ ‌တွေ့ကြတာပေါ့။သူမမျက်နှာကလေးအား စေ့စေ့ကြည့်ကာ ရေရွတ်လိုက်သည်။ သူမကတော့ကြားမည့်ပုံမပေါ်။ ကျွန်မလည်း meetingရှိသည်မို့ ပြန်သွားလိုက်သည်။ meetingခန်းထဲသာ ထိုင်နေရတာ စိတ်ကတော့ coffeeဆိုင်ကကောင်မလေးဆီမှာပင်။ ညနေရုံးဆင်းသော် ပုံမှန်အတိုင်း အိမ်သို့ပြန်ရာ လမ်းတွင် စက်ဘီးနှင့် ကလေးမတစ်ယောက်အား ၀င်တိုက်လိုက်မိသည်။ companyမှာ ပြသာနာဖြစ်လာသည်မို့ စိတ်မကြည်သည့်အထဲ ထိုသို့ဖြစ်သွားသည်မို့ ဒေါသထောင်းကနဲထွက်သွားလေသည်။

You've reached the end of published parts.

⏰ Last updated: Sep 06, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းများ အစပြုရာ(One Short)Where stories live. Discover now