3

1.5K 236 13
                                    

- U -

" ဆရာလေးအတွက်ပါတဲ့တော့် အဲ့ဒီ ကင်ချီ နဲ့ ပုဇွန်ခြောက်တွေက ညနေက လာပို့သွားတာ "

ညနေစာဝိုင်း၌ ထမင်းဟင်းပွဲတွေ ပြင်ပေးရင်း အဘွားစုန်က ရှောင်းကျန့် ပေးခဲ့သည့် နှစ်ဆင့်ဘူးလေးအား ဖွင့်ကာချပေးလိုက်၏။

" ကျနော့်အတွက်လား ဘယ်သူကလဲ အဘွား "

" ငါးဒိုင်က ကလေးပါတော်... အားချင်းရေ ဟင်းရည်လေးယူခဲ့ပါအုံး တော့် "

အဘွားစုန်က ရိပေါ့်အားလဲ ပြောပြီး ဟင်းပွဲများခူးခပ်ကာ စားပွဲ၌ လာချပေးနေသည့် အားချင်းအားလဲ လှမ်းအော်ကာပြောလိုက်သည်။

" ငါးဒိုင်က ကလေး "

သူ့အသိထဲမှာ ငါးဒိုင်က ကလေး မရှိပါဘူး။

ရိပေါ် ရဲ့ သိချင်နေဟန် ပုံစံကြောင့် အဘွားစုန်က ဟမ့်ခနဲ ရယ်၏။

" အဘွားတို့မြို့မှာ ငါးဒိုင်လုပ်တဲ့ မိသားစု ရှိတယ် အဲ့အိမ်က ကလေး လာပေးသွားတာ ဆရာလေးအသစ်ရောက်နေတယ် ပြောသံကြားလို့တဲ့ မင်းကိုစားစေချင်လို့တဲ့ "

" အော် "

ထိုအခါမှ ရိပေါ်က နားလည်သလို ခေါင်းလေး တငြိမ့်ငြိမ့်နဲ့။

ဆရာအသစ်ရောက်တော့ စားစရာတွေ ဘာတွေ လာပို့တာနေမှာပေါ့ ဟု စိတ်ထဲမှတ်ထားလိုက်သည်။

----

စာသင်ပြဖို့ သွားရာ လမ်းတစ်လျှောက်၌ လယ်ကွင်းလေးတွေ ဖြတ်ကာ သွားရသည်။

ဆောင်းရာသီ ကုန်ခါနီပြီမို့ လယ်ကွင်းလေးတွေ ၌ စပါးပင်တွေ မရှိတော့သော်ငြား ဝေဝေဆာဆာနဲ့ ဖူးပွင့်နေကြသည့် ပန်းခင်းကလေးများအား တွေ့ရ၏။

တိုက်ခတ်လာသည့် ပင်လယ်လေအေးလေးက စိတ်ကို ရွှင်လန်းစေသည်။

ဒီသာယာလှသည့် မြို့ကလေးကိုတော့ ရိပေါ် အတော်သဘောကျနေပြီ ဖြစ်၏။

သူ့အလုပ်ဖြစ်သည့် စာသင်ပြခြင်း အလုပ်ဖို့ လုပ်ဖို့ ကျောင်းရှိရာဆီ သွားရသလို တခြားလူများမှာလဲ လုပ်ငန်းခွင်ဝင်ရန် အသီးသီးသွားလာနေကြသည်။

ပိတ်ရက်ကျမှ မြို့ထဲရော ပင်လယ်ဘက်ရောလျှောက်ပတ်ကြည့်အုံးမည်ဟု ရိပေါ်တွေးထားလိုက်သည်။

𝐋𝐨𝐯𝐞 𝐢𝐬 𝐟𝐢𝐫𝐞 𝐚𝐧𝐝 𝐢𝐜𝐞 Where stories live. Discover now