ကိုယ့်ကိုပြုံးရယ်စေသူတစ်ယောက်ကို ချစ်ပါ

59 3 0
                                    

                    ရုပ်ရှင်ဒိုင်ယာလော့တစ်‌ခွန်းက ဒီလိုဆိုတယ်.....။
                     " ဘဝရဲ့အဆုံးကိုရောက်သွားတဲ့အခါ ငါတို့ဟာ တူညီသွားကြတယ်။
ငါတို့ အိုမင်းသွားကြမှာပဲ။ အကြောင်းအရာတစ်ခုကို ထပ်ခါထပ်ခါ ပြောတတ်ကြမှာပါပဲ။ ဒါပေမဲ့ ရိုးသားကြင်နာတဲ့ လူတစ်ယောက်နဲ့တော့ တစ်သက်တာကိုဖြတ်သန်းဖို့လိုတယ်" တဲ့....။
            လူ့ဘဝတစ်သက်မှာ လူနှစ်မျိုးနဲ့ တွေ့ဆုံကြရတယ်။ တစ်မျိုးက ကိုယ့်ကိုငိုစေတဲ့သူ၊ နောက်တစ်မျိုးက ကိုယ့်ကိုပြုံးရယ်စေတဲ့သူ။ ဒီလူနှစ်မျိုးရဲ့ ခြားနားချက်က ကိုယ့်ကို ငိုစေတဲ့သူက ကိုယ်ချစ်တဲ့သူဖြစ်ပြီး ကိုယ့်ကို ပြုံးရယ်စေတဲ့သူက ကိုယ့်ကိုချစ်တဲ့သူဖြစ်တယ်။
                    ငယ်ရွယ်ချိန်တုန်းက ကိုယ်တို့ဟာ မရနိုင်တဲ့အရာကိုမှ ခေါင်းမာမာနဲ့နှစ်သက်တတ်ကြတယ်။ ပိုးဖလံ မီးတိုးတာဟာ ဘာအကျိုးမှမရှိဘူးဆိုတာကိုလည်း သိသိနဲ့ ဘာမှကိုမငဲ့ဘဲ စမ်းကြည့်ချင်ခဲ့ကြတယ်။ သူ့ကြောင့် ကိုယ်နှလုံးသားမှာ ဒဏ်ရာအနာတရဖြစ်မှ တကယ်တော့ အချစ်ဟာ ဒီလောက်ပင်ပန်းဖို့မလိုမှန်းကိုယ်သိလိုက်ရတယ်။
             အချစ်ဆိုတာ လူကို ပျော်ရွှင်စေတဲ့အရာပါ။ လူကို ဝမ်းနည်းကြေကွဲစေတဲ့အရာမဟုတ်ပါဘူး။
            လူတစ်ယောက်နဲ့ အတူပေါင်းသင်းဆက်ဆံရခြင်းရဲ့ အဓိပ္ပာယ်က‌ဘာလဲလို့ ကိုယ်သေချာတွေးကြည့်မိလိုက်တယ်။
             အချင်းချင်း သံသယဝင်ဖို့၊ အချင်းချင်း အငြိုးထား အမုန်းပွားဖို့ဆိုတာကပိုမဖြစ်နိုင်ဘူး မဟုတ်လား။ ဘဝမှာကိုယ်တို့စိတ်အားငယ်ချိန်မှာ သူ့ကို သတိရလိုက်မိတာနဲ့ အလိုလို အင်အားပြည့်သွားစေတာမျိုးလေ.....။
          ဘဝတစ်သက်က ရှည်လျားပါတယ်။ ဒီတစ်သက်မှာ ဘယ်သူနဲ့အတူနေမယ်ဆိုတာက ကိုအရေးကြီးပါတယ်။ ကိုယ့်ကိုပြုံးရယ်စေတဲ့လူတစ်ယောက်ကို ချစ်ပါ။ အကြောင်းက......ဒီလောကမှာကိုယ့်ကို ထမင်းဖိတ်ကျွေးမယ့်သူများပေမယ့် ကိုာ့်ကိုချက်ပြုတ်ကျွေးတဲ့သူ နည်းလို့ပါ။ ကိုယ့်ကိုမျက်ရည်ကျစေမယ့်သူများပေမယ့် ကိုယ့်မျက်ရည်သုတ်ပေးမယ့်သူ နည်းလို့ပါ။ ကိုယ့်ကိုချစ်တယ်လို့ပြောတဲ့သူများပေမယ့် ကိုယ့်ကို အမြဲချစ်ပေးမယ့်သူ နည်းလို့ပါ။
              အချစ်ဆိုတာ တစ်ဟုန်ထိုးဖြစ်ပေါ်လာတဲ့ လှုံဆော်မှု မဟုတ်ပါဘူး။ နှစ်ယောက်သား မနုပျိုတော့တဲ့ အချိန်မှာတောင် ကိုယ့်ကို ကလေးငယ် တစ်ယောက်လို သူကြင်နာယူယနိုင်နေသေးတာက အချစ်ပါပဲ။
              ‌ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့

             နောင်နှစ်ပေါင်းများစွာ ကြာတဲ့အချိန်အထိ သူက စနောက်လိုက်၊ကိုယ်က။ ရယ်မောလိုက်နဲ့.....အဲ့ဒါကမှ အချစ်ရဲ့ တကယ့်လှပတဲ့ပုံရိပ် ဖြစ်ပါတယ်။

#Jeon_Julia_Min
         

You've reached the end of published parts.

⏰ Last updated: Mar 11, 2022 ⏰

Add this story to your Library to get notified about new parts!

ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့Where stories live. Discover now