Ran's Boyfriend material 3

305 4 3
                                    

(A\N part 2က အပေါ်ရောက်သွားလို့ ခွင့်လွှတ်ကြပါ။ နာလည်း ဘယ်လိုဖြစ်သွားလည်း မသိဘူး ရေးတုန်းကဘဲသတ်မထားမိတာလား)

ရမ်ရဲ့ရေချိူးခန်းမ၀င်ခင်အကြည့်တွေကစူးစူးစိုက်စိုက်ကြီး ဖြစ်နေ၍ကျောချမ်းပြီးလန့်ချင်ပေမယ့် သူလည်းယောက်ျားကိုယ်လည်းယောက်ျား ဖြစ်သောကြောင့်အခန်းကိစ္စကို ဘာမှမပြောဘဲနေခဲ့သည်။
မအိပ်ခင်အမချီဆီကောင်းကောင်းရောက်ကြောင်းသိစေဖို့ ဖုန်းအထုတ် ကားပေါ်မှ ကိုဒန်ဇစ်ရဲ့ဖုန်းnoကို contact name ပါ တစ်ခါတည်းရေးလိုက်သည်။စီရဲ့အကျင့်က ညအိပ်ရာမ၀င်ခင် ကိုယ်ချစ်ရတဲ့မိသားစုမိတ်ဆွေတွေကိုဖုန်းဆက်တတ်ခြင်းဖြစ်သည်။ဒီနေ့တော့အဖွားဆီဖုန်းဆက်ဖို့တွေးမိလိုက်တော့ စီ့မိသားစုအကြောင်းတွေးမိသွားသည်။ စီတို့မိသားစုကအတော်အသင့်ချမ်းသာပါသည်။ ဒါပေမယ့် စီလေးအဖေ(name:CeRue)ကတော့ဆုံးသွားပြီးအမေ(name:Hurnae)က စီယမ် လခွဲသားမှာပင် အဖေရဲ့‌အမေဖြစ်တဲ့အဖွားဆီမှာထားခဲ့သည်။အမေဘက်ကအဘိုးအဘွားတွေကိုတော့မသိပါဘူးထားလိုက်ပါတော့ဒါကိုတော့။ စီသိတတ်စအရွယ်တုန်းကဆို စီ အမေ့ကိုသိပ်နာကျည်းခဲ့သည်။ အရွယ်ရောက်လာတော့နားလည်လိုက်တာက
အသက်ငယ်ငယ်နဲ့အိမ်ထောင်ကျပြီးကလေးအမေဖြစ်လာတဲ့အမေဟာနေး ဟာအားကိုးဖြစ်တဲ့လင်ယောက်ျားကသဘ်ောလိုက်ရင်းဆုံးသွားတော့ ကလေးတစ်ယောက်နဲ့ဘ၀ကိုမကုန်ဆုံးနိုင်လို့ လွတ်လွတ်လပ်လပ်ရှင်သန်နိုင်ရန် ထွက်သွားခဲ့ခြင်းသာဖြစ်နိုင်သည်ဟု တွေးမိသည်။။ဒါပေမယ့် အမေနဲ့အပြင်မှာတစ်ခါလောက်တော့ဆုံဖူးချင်ပါသေးသည်။အရင်ကစီရဲ့အ‌တွေးတွေထဲမှာ အဖွား၊အမေ၊ရောက်တတ်ရာရာဖြစ်ချင်တာ‌လေးတွေဘဲရှိ‌ခဲ့ပေမယ့်အခုတော့ လူတစ်ယောက်တိုးလာခဲ့ပြီ။

(ဒါနဲ့ရမ်လေးရေချိူးခန်းထဲကထွက်လာပြီလား) ခုတင်ဘယ်ဖက်မှာနေရာယူပြီးလှဲအိပ်ကာ တောင်စဥ်မရတွေးနေတုန်း ညာဘက်လည့်လိုက်တော့ လက်ထောက်ကာဘေးစောင်းလှဲအိပ်၍ ပြုံးပြုံးကြီးကြည့်နေတဲ့ရမ်ကြောင့်လန့်သွားရသည်။(သူဘာလို့အဲ့လောက်ချောရတာ...အို့ တော်တော်တောင့်တာဘဲ six packsကြီး မနာလိုချင်စရာ...ရာ...)
"ခုဏဘာတွေတွေးနေတာလဲ စီ အခုရောကြည့်လို့၀ပြီလား ကိုင်ချင်ရင်တော့ အားမနာပါနဲ့ ကိုယ်က သဘောကောင်းတယ် မင်းအတွက်ဆိုရင်ပေါ့"
"ဟင် ဘာတွေကိုင်...အော် အိမ်အကြောင်းပါ"ရမ်ကိုသေချာကြည့်လိုက်တော့မှအပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်းကလဲ သဘက်အဖြူနဲ့သာပတ်ထားတာကြောင့် အကြည့်အမြန်လွှဲလိုက်ရသည်။စက္ကန့်၂၀လောက် အပြူးအပြဲကြည့်နေခဲ့တာကိုမသိလိုက်ဘဲ။

Ran's Boyfriend materialWhere stories live. Discover now