ကိုကိုတီးဖို့ဂီတာလေးရှိသည် (zawgyi)

124 6 0
                                    

"ကိုကိုတီးဖို့ဂီတာလေးငယ်ဝယ်ထားတယ်လေ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မနက်ခင်းနေရောင်ခြည်က
ပြတင်းပေါက်မှဝင်လာကာခုတင်ထက်တွင်
အိပ်ပျော်နေသော
အဖြူလုံးလေး၏မျက်နှာနုနုပေါ်သို့
ကျရောက်လာလေသည်။
မျက်နှာပေါ်စူးစူးဖြင့်ကျရောက်လာသောကြောင့်သူမျက်မှောင်ကြုတ်လိုက်ကာ
ခြေရင်းတွင်
ကျနေသောစောင်ကိုခေါင်းပေါ်သို့ဆွဲခြုံလိုက်သည်။
အိပ်ကောင်းပြီဆိုသာသနာကအရမ်းဖျက်။

"ငယ်ရေ ထတော့လေ"

အိမ်မက်ထဲဝင်မက်မလို့ရှိသေး
ကြားလိုက်ရသောအသံကြောင့်သူသေချင်သွားသည်။မနက်ခင်းကောင်းကောင်း
မအိပ်ရတဲ့ဝဋ်ကလည်း
မသေးပါလား။
ဟူးးကင်မ်ဆော့ဂျင်လေးဘ၀သနားစရာ၊

"ငယ်ရေ ဝေးးးးးး"

ဂရုမစိုက်ဘဲပြန်အိပ်မလို့ပြင်တော့
ကိုကိုသည်
သူ့နားကိုလေဖြင့်မှုတ်လာလေသည်။
ယားတတ်သူမို့
ချက်ချင်းထထိုင်မိသည်။

"ဘာလုပ်တာလဲကိုကိုရာငါအိပ်ချင်သေးတယ်လေကွာ"

အရှေ့ကနေဆူပုပ်ပုပ်ဖြင့်မျက်လုံးမပွင့်သေးသောငယ်ကိုသူ့မှာ
အသည်းယားလို့မဆုံး၊
ဒီကလေးတော်တော်လေးကိုချစ်ဖို့ကောင်းတာ
ပွယောင်းနေသောဆံပင်လေးတွေကို
သပ်တင်ပေးလိုက်ပြီး
ပါးဖောင်းလေးကိုအနမ်းပေးလိုက်တော့
လူကို
မကြည်ကြည့် ကြည့်လာလေသည်။

"ဒီမှာပူတူးလေးငယ် ငယ်ဘဲဒီနေ့ကိုကို့နောက်
လိုက်မလို့ဆို"

သူပြောတော့မပွင့်တပွင့်မျက်လုံးလေးများက
ပြူးကျယ်လာကာ
နှုတ်ခမ်းဖူးလေးသည်ပွစိပွစိဖြင့်၊

"အင်းးဟုတ်သားဘဲဒီနေ့ကလေးတွေကိုစောစောခေါ်ထားတာ"

"အင်းလေဒါဆိုရင်ထတော့"

ထဆိုကာဆွဲထူတော့
အလိုက်သင့်ပါလာသောကိုယ်လုံးသေးသေးလေး၊
အာဒီကလေးထမင်းမစားဖူးလားမသိ၊
ပေါ့ရွှတ်နေတာဘဲ
အင်းးခေါက်ဆွဲပြုတ်တွေဘဲစားတယ်နဲ့တူတယ်။ငါ့နှယ်......

ဖွေးဆွတ်နေသော
မျက်နှာလေးသည်မျက်နှာသစ်ပြီးတော့
ရဲနေကာနှုတ်ခမ်းဖူးလေးသည်လည်း
နီဆွေးနေလေသည်။
မနက်ခင်းအလှမှာပိုလှသောငယ်သည်
ညပိုင်းရောက်တဲ့အထိအလှမပြတ်ပေ၊
ဒါကြောင့်မို့
ကိုယ့်ရဲ့အရာရာဟာဒီကလေးငယ်ဖြစ်နေရတာပေါ့၊

BonJourWhere stories live. Discover now