ဒီနေ့ရိုး အတန်းဝင်ရန် ကော်ရစ်တာလေးအတိုင်း
ခိုင်နဲ့အတူလျှောက်လာသည်။"ဟေ့ရိုး..."
"ဘာလဲ"
"မနေ့ညကရော
နင့်အဒေါ်ကြီးနဲ့ ဘာမှမဖြစ်ခဲ့ဘူးလား"ခိုင်မေးလိုက်မှပဲမနေ့ညက အကြောင်းက ရိုးအတွေးထဲဝင်လာသည်။ ဟိုတစ်နေ့ကတော့ ရိုးကိုကြမ်းပြင်ပေါ်အိပ်ခိုင်းပြီး မနေ့ညကတော့ သူ့အနားအိပ်ခွင့်ပြုပါသတဲ့။ သူ့အနားအိပ်လိုက်ကာမှ ကြမ်းပြင်မှာအိပ်ရတာထက် ပိုတောင် ပင်ပန်းသွားသည်။ အိပ်နေရင်းနဲ့ရိုးကိုလာဖက်တော့
ရိုးမှာ ရင်တုန်ပြီး အိပ်မရဖြစ်ခဲ့ရသည်။ ကလေးတစ်ယောက်လို ရိုးရင်ခွင်ထဲအတင်းတိုးဝင်လာတော့လည်း ရိုးဘာလုပ်လို့လုပ်ရမှန်းမသိ။ ဖက်လည်း မဖက်ရဲ ။ ဖက်လည်း ဖက်ထားချင်သည်ပေါ့။ မနေ့ညက အကြောင်းကိုစဥ်းစားမိတော့
ရိုးနှုတ်ခမ်းတို့ပြုံးမိပြန်ပါသည်။"ဟေ့ရိုး....ဘာပြုံးတာလဲ
နင်ပြုံးနေပုံထောက်ရင်
မနေ့ညက တစ်ခုခုဖြစ်ခဲ့တယ်ထင်တယ်နော်""မဖြစ်ပါဘူးဟ...တကယ်မဖြစ်ဘူး"
"မယုံဘူးနော်...ရိုး
နင်ငါ့ကိုမပြောပြချင်လို့ မဟုတ်လား""အာ..တကယ်ပါပဲ
ဘာမှမဖြစ်ပါဘူးဆိုမှဟာ
တစ်ခုပဲ
မနေ့ညက သူငါ့ရင်ခွင်ထဲ
လာအိပ်တယ်လေ""တကယ်...တကယ်လားရိုး
ဟီး...ပျော်လိုက်တာ ပျော်လိုက်တာ"ခိုင်နှင်းဖြိုးမှာ အပျော်ကြီးပျော်ပြီး ရိုးလက်မောင်းကို တစ်ဖျက်ဖျက်လာရိုက်နေသည်။
"အ...နာလိုက်တာဟာ"
"ဘာဖြစ်လို့လဲ..အကဲပိုမနေပါနဲ့
ဒီလောက်လေးရိုက်တာကို နာတယ်တဲ့""အန်တီကမနေ့ညက တစ်ညလုံးဖိအိပ်ထားတာလေ ခုတော့ နာနေတာ သိလား"
"အမယ်...အန်တီတဲ့..
ဟိုတစ်ခါကပြောသလို
အဒေါ်ကြီးမဟုတ်တော့ဘူးပေါ့""သူကခေါ်ခိုင်းလို့ပါ"
"အေးပါ..အေးပါ
သူခေါ်ခိုင်းလို့ခေါ်တယ်လို့ပြောတာပါပဲ""ဒူ....ဒူ...."
အတန်းဝင်ဖို့သွားနေတုန်း ရိုးဖုန်းဝင်လာသည်။ရိုးကြည့်လိုက်တော့ ဒီဒီဆီကဖုန်းပဲ။ ရိုးဖုန်းကိုင်လိုက်သည်။
أنت تقرأ
ဇနီးမယား(on going)