Intro

106 7 0
                                    

်"ဖွီ၊ငါနင့်ဆီမှာသေတာတောင်ကျွန်မခံဘူး၊သတ်ချင်ရင်သတ်ပလိုက်..............."

"မင်းအဲ့လောက်တောင်သတ္တိတွေရှိနေတယ်ဟုတ်လား......."

ဖြောင်းခနဲဆိုသောရိုက်သံကြီးသည်ဟောလ်တန်းကြီးမှာဟိန်းနေသည်။

ပါးကနီရဲပြီးပါးစပ်ကသွေးတွေကျနေသော်လည်းလံုးဝအရှံုးမပေးသောမျက်နှာအနေအထားနဲ့သာတခြားလူတစ်ဖက်ကိုအငြှိုးကြီးစွာနဲ့သာကြည့်နေလိုက်သည်။

ဟိုကလည်းရိုက်တာကိုတစ်ချက်မရပ်အောင်ကိုရိုက်နေသည်။

မျက်ရည်များကျနေပင်လည်းကျိတ်မှိတ်ခံနေသောကောင်လေး။

"သွားသူ့ကိုခေါ်သွားတော့၊နောက်ရက်ကြမှဆက်ရှင်းမယ်၊သူ့အဖေငါတို့ကိုလုပ်ခဲ့သမျှသူပြန်ခံစားရမယ်.................."

ဂျီမင်းလေးသည်သူ့မှာရှိတဲ့အားနဲ့ရအောင်ရုန်းထွက်သော်လည်းကြိုးလံုးအကြီးကြီးတွေနဲ့တိပ်တွေများကြောင့်ရုန်းထွက်မရအောင်ကိုဖြစ်နေတယ်။

ဂျောင်ကုသည်လက်စားချေခြင်းကိုလုပ်နေရ၍ကြောက်စရာကောင်းသောအပြံုးများကိုပန်ဆင်လျက်ဂျီမင်းခံစားနေရတာကို ကြည့်ပြီိးသူပျော်ရွှင်နေကြောင်းပြသနေခဲ့သည်။

"ငါနင့်ကိုဘာလုပ်လို့နင်ငါ့ကိုအဲ့လောက်နှိပ်စက်နေရတာလဲ"

ဂျောင်ကုသည်လက်ကလေးထောင်ပြလိုက်ပြီးအမိုက်စားအနောက်တိုင်းဝတ်စံုကြီးနဲ့မတ်တပ်ရပ်လိုက်ပြီးမျက်စိကိုတည့်ပင်မကြည့်နိုင်အောင်ကိုရှိန်ဖို့ကောင်းနေသည်။

"ပါခ့်ဂျီမင်း၊မင်းဘာလုပ်ခဲ့တာလည်းကိုမင်းမသိဘူးလား၊ကဲပါမင်းမလုပ်ဘူးထားအုန်း၊မင်းအဖေငါတို့မိသားစုကိုဖျက်စီးခဲ့တယ်၊ဘဝတစ်ခုလံုးကိုအဆင်မပြေအောင်ကိုအမျိုးမျိုးလိုက်နှိပ်စက်တယ်၊ငါလည်းပြန်ဖျက်စီးမှာ"

"နင်ငါ့ကိုအဲ့လိုလုပ်နေလို့နင်ဘာမှပြန်မကောင်းသွားဘူးလေ"

"မကောင်းလည်းငါကြိုက်တယ်၊အခုမှတရားလာချဖို့မစဉ်းစားနဲ့၊လုပ်တုန်းကလုပ်ကြပြီး၊မင်းတို့မိသားစုကိုသေတာထက်ဆိုးတဲ့အရာတွေခံစားစေရမယ်"

"ဂျောင်ကု၊မင်းတော်တော်မိုက်ရိုင်းတဲ့ကောင်ပါလား၊လူကမွေးပြီးလူလိုမနေတတ်ဘူးလား"

"အဲ့မေးခွန်းကိုငါမေးရမှာ"

ဆိုပြီးဂျောင်ကုသည်ဂျီမင်းဘေးနားလေးမှာဆောင့်ကြောင့်ထိုင်ပြီးမျက်နှာပေါ်မှာရှိနေတဲ့သွေးစလေးတွေကိုလက်မနဲ့ဖိပြီးတော့၊ဂျီမင်းမှာနာလွန်းလို့ကျိတ်ပြီးတော့ရင်ထဲမှာအော်မိတယ်။

"သဘောကျတယ်........၊မင်းအဲ့လိုခံစားရတာကိုငါသဘောအရမ်းကျတယ်။ "

ဟုဆိုပြီး‌တော့ညှို့လွန်းနိုင်စွာကြောက်ဖို့ကောင်းသောအပြံုးများကိုပြသွားကာသူ့ရဲ့ထိုင်ရာနေရာကိုပြန်လျှောက်သွားသည်။

"သူ့ကိုအခုချက်ချင်းခေါ်သွားတော့မမြင်ချင်တော့ဘူး"

‌ဂျောင်ကုသည်နောက်ပင်လှည့်မကြည့်ကာခေါ်သွားခိုင်းလိုက်သည်။

ဂျောင်ကုရဲ့လက်စားချင်စိတ်ကသူ့ကိုကောက်ကျစ်ပြီးအေးစက်သွားစေခဲ့ပြီ၊သူ့ရဲ့အရင်ကရခဲ့ဖူးတဲ့ဒဏ်ရာတွေကအခုဆိုနှလံုးသားမှာထာဝစဉ်စွဲမြဲနေမဲ့အမာ ရွတ်တွေဖြစ်ကုန်ပြီ.................

Readerလေးတို့မဂႅလာပါရှင့်။💛

ဒီ "Callous" ဆိုတဲ့FicခရီးလေးကိုSnowနဲ့အတူတူလျှောက်ရအောင် 💙

Snowရဲ့Typeမဟုတ်ပေမဲ့အကောင်းဆံုးကြိုးစားပြီးရေးနေပါတယ်ရှင့်။ 💚

Readerတစ်ယောက်ချင်းစီတိုင်းကိုစိတ်ရင်းအမှန်နဲ့ကျေးဇူးအများကြီးတင်ပါတယ်။ ❤️‍

Snow Lwin🤍

Callous Where stories live. Discover now