Chapter 2

41 2 0
                                    

Unicode

တစ်ရက်တစ်ဖန်ဂျီမင်းကိုနှိပ်စက်လိုက်၊အခန်းထဲပြန်သွင်းထားလိုက်နဲ့ရက်သတ္တပတ်များစွာလေထဲမှာပင်ပျောက်ဆံုးသွားသလိုကုန်ဆံုးသွားတယ်။

ဂျီမင်းမှာလည်းနေ့တိုင်းသွေးတွေမျက်နှာပေါ်တွင်မကပဲတစ်ကိုယ်လံုးမှာဒဏ်ရာဒဏ်ချက်များစွာနဲ့.....

မှတ်မှတ်ရရတစ်ရက်သူ့ကိုနှိပ်စက်နေစဉ်လူတစ်ယောက်ကဖြတ်ဝင်လာတယ်၊ခြေတံများသည်လည်းရှည်လျားပြီးခေါင်းအစခြေအဆံုးအပြစ်ရှာမရအောင်ချောမောနေတယ်၊ဘယ်သူလည်းသေချာမသိပေမဲ့သူ့ကိုစိတ်ထဲကပြိုလဲသွားတယ်ဆိုတာဂျီမင်းကပါးစပ်ကမပြောရံုတစ်မယ်။

ရိုက်တာခနရပ်ပြီးတိတ်ဆိတ်နေအောင်ဂျောင်ကုကလက်ခနပြလိုက်တယ်။

"ဂျောင်ဆွန်းဟူ၊နင်ကဘာလာလုပ်တာလည်း၊ငါ့အခန်းထဲဝင်တာမကြိုက်ဘူးဆိုတာငါဘယ်နှစ်ခါပြောရမလည်း"

"ငါဂရုမစိုက်ဘူး၊ပြောချင်တာကတစ်ရက်တစ်ရက်နှိပ်စက်တာလည်းဟယ်နင်ဘာမှမဖြစ်ပေမဲ့ဟိုဘက်အခန်းမှာနေတဲ့ငါတို့လည်းသနားပါအုန်း"

ပါခ့်ဂျီမင်းသိလိုက်တာကဒီစံအိမ်ထဲမှာသူတစ်ယောက်တည်းမဟုတ်ဘူး၊သူ့ရဲ့ညီဟုထင်ရသော၊သူနဲ့ဘာမှမဆိုင်အောင်ကိုခေတ်ဆန်လွန်းတဲ့၊ဂျောင်ကုရဲ့လူတွေကိုနှိပ်စက်တတ်တဲြအကျင့်ကိုကောင်းကောင်းသိတဲ့လူ......

"ဒါငါ့စံအိမ်၊မခံနိုင်ရင်ဆင်းသွား၊ငါမအားသေးဘူးသွား၊ငါဒီနေရာကိုရောက်ဖို့မင်းတို့ရဲ့အကူအညီတစ်ပြားတစ်‌ေစ့မှမယူခဲ့တာဖြစ်တဲ့အတွက်မင်းတို့ပေါ်ကျေးဇူးတင်စရာဆိုလို့ဆန်တစ်စိမရှိ"

ဟိုဘက်လူကမျက်နှာကိုတစ် ချက်တည်းပျက်သွားပြီးအခန်းထဲကနေထွက်သွား‌ေတာ့သည်။

ဂျီမင်းသည်ထိုလူလမ်းလျှောက်ထွက်တာကိုပါးစပ်လေးအဟလေးနဲ့ငမ်းနေချိန်သူ့အရှေ့မှာသူ့ကိုအညှိုးကြီးလှသောမျက်လုံးများစွာနဲ့စိုက်ကြည့်နေသောမျက်စိတစ်စုံ။

ဂျီမင်းဒီဘက်ကိုပြန်ကြည့်ချိန်လန့်သွားတာအသားတွေပင်တုန်တဲ့အထိ

You've reached the end of published parts.

⏰ Last updated: Jan 20, 2023 ⏰

Add this story to your Library to get notified about new parts!

Callous Where stories live. Discover now