(5)

885 89 1
                                    

jungkook အမိန့်ချလိုက်ကတည်းက jinကအိမ်ရှေ့မပြောနဲ့ ခြံထဲတောင်မဆင်းရတော့ပါဘူး သူ့ကိုမျက်စိအောက်ကအပျောက်မခံပဲ တစ်ချိန်လုံး ခပ်လှမ်းလှမ်းကနေစောင့်ကြည့်ခြင်းကိုလည်းခံခဲ့ရသည်

"ကျွန်တော်ဘယ်မှမသွားပါဘူး ဦးလေးကြီးတို့ကိုယ့်အလုပ်ရှိတာကိုပဲလုပ်ကြပါ"

"တောင်းပန်ပါတယ် အကိုလေး အကိုလေးကဘယ်မှမသွားဘူးလို့ ကတိအထပ်ထပ်ပေးရင်တောင် ကျွန်တော်တိ​ု့ကအကိုလေးကိုစောင့်ကြည့်ရမှာမို့လို့ပါ"

seokjin သူပြောလို်မရမှန်းသိတော့ စားပွဲခုံပေါ်ကစာအုပ်လေးကိုကောက်ပြီးဖတ်နေရသည်

ထိုအချိန်phဝင်....

"Hello jin"

"အင်း joon"

"jinမင်းဒီနေ့အားလား?"

jin ဒီအခြေအနေကို joonကိုမသိစေချင် joonကသူ့အချစ်ဆုံးသူငယ်ချင်း သူ့ကြောင့်စိတ်ညစ်ရမှာမျိုးလည်းမဖြစ်စေချင်တာကြောင့်

"ငါဒီနေ့မအားဘူး joon"

"မင်းမှာလုပ်စရာတစ်ခုခုရှိလို့လား?

"..."

"ငါမနက်ဖြန်ပြန်မှာ အဲ့တာကြောင့်မပြန်ခင်မင်း နဲ့တွေ့ချင်လို့"

"ဟင်!!မင်းပြောတော့ ကြာကြာနေအုံးမယ်ဆို"

"ဟုတ်တယ် ဒီနေ့ appaကphဆက်တယ် ရှေ့အပတ်ကျရင် အရေးကြီးအစည်းအဝေးတွေတက်ရမှာမို့ ငါ့ကို company မှာရှိစေချင်တယ်တဲ့ ငါမပြန်ချင်သေးပေမယ့် ဒီမှာလည်းဘာအလုပ်မှမရှိဘူး မင်းတို့ကလည်း အိမ်ထောင်ကျပြီဆိုတော့ ငါတစ်ယောက်ထဲပျင်းစရာကြီးလေ"

"joon ဒါဆိုမင်းငါ့အိမ်လာခဲ့ပါလား"

"ဖြစ်ပါ့မလား မနေ့ကတောင် မင်းyeoboကငါ့ကို.."

"မင်းကိုဘာလုပ်လိုက်လို့လဲ?"

"အော်..ငါ့ကိုအမြင်မကြည်သလိုဖြစ်နေလို့"

သူအထိုးခံရတာသာ seokjin သိရင် သူ့တို့်နှစ်ယောက်ကြား ပြသာနာတွေ ထပ်ဖြစ်နေမှာစိုးလို့ namjoonအမှန်အတိုင်းမပြောခဲ့

တီ..တီ..တီ..

"ဟဲ့ အကိုလေး jungkook ပြန်လာပြီလားမသိဘူး ​ြခံတံခါးဖွင့်ပေးကြပါအုံး"

Wrong Love [✔]Where stories live. Discover now