(8)

5.8K 551 45
                                    

[ Zawgyi ]


မပြီးနိုင်မစီးနိုင် တဟက်ဟက်ရယ်ရင်း အိပ်ရာပေါ်က ထသွားတဲ့လူကြီးက အရှက်မရှိ ကိုယ်တုံးလုံး။

"အား! ခများ မရှက်ဘူးလား"

"ကိုယ့်မိန်းမ ကိုယ်ရှက်စရာမှမလိုပဲ"

"ဘာမိန်းမလဲ.. ခများ မမိုက်ရိုင်းနဲ့"

"အဲဒါတွေထားပါ .. ခဏနေ မင်းကို ပြင်ဆင်ပေးမယ့်သူတွေ လာလိမ့်မယ်.. အသာတကြည်လက်ခံလိုက်.. မင်းဝက်လို အိပ်နေတာနဲ့ ပွဲချိန်ကို နှစ်နာရီနောက်ဆုတ်ထားရတယ်"

"ဘာရယ်.. ဘာပွဲလဲ.. ဘာပွဲမှ မတက်ဘူး.."

"အဲ့ဒီစကားမပြောခင် မင်းပတ်ပတ်လည်က cameတွေကို လှမ်းကြည့်လိုက်.. ဘာလဲဆိုတာ သဘောပေါက်မှာပါ အဟွန်း"

"အော်.. ဒါဆို ပိုကောင်းသွားတာပဲ အိပ်နေတဲ့လူကို အတင်းအဓမ္မပြုနေတဲ့ သက်သေရလာပြီပေါ့.. အရှက်အကွဲခံပြီးကို တရားစွဲဦးမယ်"

"အိပ်နေတာဟုတ်ရဲ့လား.. ဦးနှောက်ကို သေချာအလုပ်ပေးကြည့်ပါဦး.. ညကတော့ အတင်းတောင်းဆိုနေတာ သူမဟုတ်သလိုပဲ.. ဘာပဲဖြစ်ဖြစ် မင်းသဘောပါ.. ကိုယ့်မှာ မနေ့ညက မင်းသောင်းကျန်းထားတဲ့ မှတ်တမ်းတွေ ရှိတယ်ဆိုတာ ပြောပြတာ.. ကဲ ဘိုင်"

"အားရှ်....ဒီခွေးကောင်ကြီးကတော့ .. "

_________

ကျွန်တော် နိုးလာတော့ hotelခန်းထဲကို ရောက်နေပါပြီ။ ကြည့်ရတာ မနေ့ညက မေ့လဲသွားခဲ့ပုံပါပဲ။ အကြောင်းအရာတွေကို ပြန်စဉ်းစားမိတော့ ကျွန်တော်စိတ်ပျက်အားငယ်လာသလို ခံစားရပြီး ထပ်ငိုမိပြန်ပါတယ်။

အမြဲအတင်းအကြပ်လုပ်တဲ့ appaကို ရင်မဆိုင်ချင်တော့ပါဘူး။ ကျွန်တော့်အပေါ်ဆို အမြဲ နူးညံ့ညင်သာတဲ့စကားပဲ ဆိုတတ်တဲ့ appaက မနေ့ညကတော့ ဘာလို့ ဘီလူးစီးသလိုဖြစ်နေရသလဲ နားမလည်နိုင်ပါ။ နားလည်းမလည်ချင်တော့ပါဘူး။

ကျွန်တော်ငေးငိုင်နေတုန်း appaဝင်လာခဲ့ပါတယ်။

"ကလေး နိုးပြီပဲ.. ဘယ်လိုနေသေးလဲ ရင်ဘတ်အောင့်နေလား ... ဟင်"

မနေ့ညကနဲ့ ဆန့်ကျင်ဘက် မျက်နှာဘေးကို ချိတ်ဆွဲလို့ ကျွန်တော့်အနားနားထိ တိုးကပ်ကာ ရင်ဘတ်ကို ထိကိုင်ရင်းမေးပါတယ်။

🔥ᴀᴘᴘᴀ🔥// KV //Where stories live. Discover now