EP - 19

829 62 0
                                    

Unicode

"ခွင့်လွှတ်ပေးရမယ်တဲ့လား……အခုကိုကို့အိမ်မှာမို့လို့ခင်ဗျားသက်သာသွားတယ်မှတ်……ခင်ဗျားစောက်သက်ကိုကျွန်တော်ချက်ချင်းနှုတ်ယူပစ်မှာ ရှင်းလား!……"



       လက်ညှိုးငေါက်ငေါက်ထိုးကာပြောဆိုပြီးနောက် တောက်ခေါက်သံခပ်ကျယ်ကျယ်တစ်ချက်နှင့်အတူအိမ်အပြင်သို့ထွက်သွားလေတော့သောတမန်။



"မိုးခက်တမန်……"



        ရောင်စဉ်တစ်ယောက်ဘာကိုမျှနားမလည်နိုင်ဖြစ်မိလေပေမယ့် ဒေါသတကြီးထွက်သွားလေသောတမန့်ကြောင့်အနောက်သို့အမြန်ပြေးလိုက်သွားမိသည်။



"မိုးခက်တမန်…ငါ့ကိုစောင့်အုံး……"



        အနောက်မှအမြန်ပြေးလိုက်ကာအော်ခေါ်နေမိလေသော်လည်း တမန်ကတော့တစ်ချက်မျှပြန်လှည့်မကြည့်ဘဲအိမ်အဝတွင်ရပ်ထားသည့်ကားဆီသို့သာဦးတည်နေလေသောကြောင့်သူလည်းပို၍မြန်မြန်ပြေးလိုက်ကာလက်မောင်းလှမ်းဆွဲလိုက်လေတော့ရင်း



"ငါ့ကိုစောင့်ပါအုံးဆိုနေ……"



"အား……"



        ကျန်လက်တစ်ဖက်ဖြင့်လက်မောင်းကိုအသာဖိနှိပ်ကာ အတော်လေးနာကျင်နေလေဟန်ရသည့်တမန့်ပုံစံကြောင့်ရောင်စဉ်လည်းကြောင်အ၍သာဆုပ်ကိုင်ထားမိသည်ကိုလွှတ်ပေးလိုက်မိလေ၏။



"မင်း……မင်းဘာဖြစ်နေတာလဲ……"



       သူ့အမေးကိုပြန်မဖြေနိုင်လောက်အောင်ကိုပင် နာကျင်နေလေသောတမန်ကြောင့် သူလည်းလက်ကိုဆွဲယူကာအကျီ င်္စကိုခေါက်တင်ကြည့်လိုက်မိလေတော့ ရေနွေးပူလောင်ထားသကဲ့သို့လက်တစ်ခုလုံးမှာနီရဲနေလေတော့သည်ပင်။



"မင်းဒါဘာဖြစ်တာလဲ……"



"အဲ့……အဲ့ဒါက……"



       အဖြေရခက်နေလေဟန်ရသောတမန့်ပုံစံကို ရောင်စဉ်တစ်ယောက်စိတ်မရှည်နိုင်ဖြစ်နေမိလေစဉ် ရုတ်တရက်အနားသို့ရောက်လာလေသူကLight……



"သခင်လေး အဆင်ပြေရဲ့လား……"



"ငါဘာမှမဖြစ်ဘူး……ခဏနေအဆင်ပြေသွားလိမ့်မယ်……"



  အခ်စ္Whiskey [ Completed ]Where stories live. Discover now