Ep 13

143 17 0
                                    

Unicode

"ထယ်ဟျောန်း"

"မီရယ်"

ကားလမ်း ဟိုဘက်ကနေ ဒီဘက် စကားလှမ်းပြောနေကြသည်။ မီရယ်က ထယ်ဟျောန်းကို လှမ်းမြင်လိုက်သည်။

မီရယ် ထယ်ဟျောန်းရှိရာကို သွားရန် ကားလမ်းကူးတဲ့ အချိန် ကိုယ့်ရှေ့က ဖြတ်လာတဲ့ ထရပ်ကား တစ်ခု။

လူက လမ်းလယ်ခေါင်ရောက်နေပြီ ဖြစ်တာကြောင့် ဒီအတိုင်းပဲ အတိုက်ခံရတော့မှာလားဟု တွေးမိသည်။

သေတော့လဲ သေပေါ့။ ငါ့ ကံကြမ္မာက ဒီလိုဖြစ်နေတယ်ဆိုရင်လည်း။

ညဘက် ထရပ်ကားရဲ့ မီးအလင်းရောင်က စူးလှသည်။ မျက်စိကို အသာမှိတ်ထားရင် အသေခံလိုက်တော့မည်။

"မီရယ်..."

နားထဲကို စူးစူးဝါးဝါးကြားလိုက်ရတဲ့ အသံ။ ထို့နောက် လူက အမှောင်လောကထဲကို ရောက်သွားသည်။ ငါသေပြီလား။

မျက်စိကို ဖွင့်ကြည့်လိုက်တော့ ကိုယ်က ကားလမ်းဘေးမှာ။ ဒါဆို ငါမသေဘူးပေါ့။ ငါ့ကို ကယ်လိုက်တာ ဘယ်သူလဲ။ မီရယ်လို့ ခေါ်လိုက်တဲ့အသံက သေချာပေါက် ဂန်ထယ်ဟျောန်း။ မဟုတ်မှလွဲရော ထယ်ဟျောန်းက..

သေချာတာမှ လုံး၀ကို သေချာသည်။ မဖြစ်နိုင်တာ ထယ်ဟျောန်းရယ်။

"ထယ်ဟျောန်း...သတိထားပါဦး"

ထယ်ဟျောန်းကို လှုပ်နိုးကြည့်တော့ မျက်စိဖွင့်လာသည်။ သူ့တစ်ကိုယ်လုံးမှာလည်း မြင်ရက်စရာမရှိအောင် သွေးတွေ။

"မီရယ်...ဒါက နင့်ကို တောင်းပန်ပြီး အပြစ်ကြွေးဆပ်လိုက်တာပါပဲ။ ငါ့အစ်မကြောင့် အကုန် စိတ်ဆင်းရဲရတယ်ဆိုတာကို ငါသိပါတယ်။ အဲ့အတွက်ကြောင့် တောင်းပန်ပါတယ်။ ငါ့အစ်မကိုလည်း မမုန်းပါနဲ့နော်။ သူက ငယ်ငယ်ကတည်းက လိုချင်တာ အမြဲရနေခဲ့သူမို့ အချစ်ကိုလည်း လွယ်လွယ်ရမယ်ထင်နေလို့ပါ။ "

"အဟွတ် အဟွတ်...ပြီးတော့လေ ဒါက နင့်အတွက် တောင်းပန်တဲ့အနေနဲ့ ငါ ကိုယ်စားခံလိုက်တာပါ ငါမရှိလည်း ကောင်းကောင်းနေဖို့ သူငယ်ချင်းတွေကိုလည်း ပြောလိုက်ပါနော် အဟွတ်"

Can you feel Me? [Completed]Where stories live. Discover now