အက်ကြောင်း

14 2 0
                                    

ဂျိန်း!*
"သည်းငယ် မင်းဘာတွေလျှောက်လုပ်နေတာလဲ!?"

အိပ်ခန်းတံခါးကို ဆောင့်ပိတ်ပြီးသူ့ဆီကိုပြေးဝင်လာတဲ့ ယွန်းဂီဟာမိုးရေတွေစိုရွှဲကာ ဆံပင်တွေကပါတစက်စက်စီးကျနေတယ် ။ အဝတ်အစားတွေကလည်းစိုစွတ်နေသဖြင့် ကိုယ်ပေါ်မှာပင်ကပ်နေသည်။

"လမ်းခွဲကြမယ်....ကျွန်မတို့လမ်းခွဲရအောင်"

ကုတင်ပေါ်ကခရီးဆောင်အိတ်ထဲကို အဝတ်တွေစီထည့်နေတဲ့နိုရာက ယွန်းဂီကိုကျောပေးထားသည်။

"ဟ...လမ်းခွဲမယ်ဆိုတော့ မင်းအတွက်ငါဘာလိုအပ်ချက်တွေရှိနေလို့လဲ။ ငါ့မှာဘာချို့ယွင်းချက်တွေများ ရှိနေလို့လဲ"

ယွန်းဂီက အံကိုတင်းတင်းကျိတ်ကာပြောလိုက်တဲ့စကားတွေက ဒေါသသံစွက်နေတယ်။
ဒေါသစိတ်တွေကြောင့် သူမကိုသူ့ဘက်ဆွဲလှည့်ကာလက်မောင်းတွေကိုဆုပ်ကိုင်မိသည်။ နိုရာရဲ့ကိုယ်လုံးလေးကို သူ့လက်ကြီးနှစ်ဖက်နဲ့ကိုင်လှုပ်တယ်  ။

"တော်ပါတော့!!!...ကိုကိုရဲ့ တော်ပါတော့!!! ။
ကျွန်မကိုမေးခွန်းတွေမမေးပါနဲ့တော့"

နားနှစ်ဖက်ကိုအုပ်ကိုင်ကာ ထိုင်ချလိုက်တဲ့နိုရာကြောင့် ယွန်းဂီတောက်ခပ်ပြင်းပြင်းတစ်ချက်ခေါက်လိုက်သည်။
မိုးရေစိုနေတဲ့ ကျွတ်လုနီးနီးနက်ကတိုင်ကိုဆွဲချွတ်လိုက်ကာ လက်ထဲကိုင်ပြီးအဝတ်လဲခန်းဆီကိုထွက်သွားသည်။
ခနနေတော့ ညအိပ်အဝတ်အစားတွေလဲလာတဲ့ယွန်းဂီက အိပ်ခန်းထဲပြန်ရောက်လာတယ်။ လက်ထဲမှာကိုင်လာတာက တဘက်တစ်ထည်နဲ့ ညဝတ်အင်္ကျီတစ်စုံ။
ကုတင်ပေါ်က တန်းလန်းဖြစ်နေတဲ့ခရီးဆောင်အိတ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး လက်ထဲကအဝတ်တွေကိုတင်လိုက်သည်။

"လာ၊ထ...မင်းကိုယ့်ကြောင့်မိုးရေတွေစိုကုန်ပြီ...အဝတ်တွေလဲတော့ သည်းငယ်လေး"

ကုတင်အောက်ကြမ်းပြင်မှာ ထိုင်ရက်သားနိုရာကတော့ အခုထိမလှုပ်မရှားဘဲ ခေါင်းကိုအောက်စိုက်လျက်ရှိသေးသည်။ ကိုကိုဟာ ရန်ဖြစ်နေရင်းကနေပြေးဖက်ချင်အောင် ကျွန်မကိုပြုစားတယ်။

"လာကွာ ထပါ...ကိုကို့သည်းငယ်ရဲ့ ကြမ်းပြင်ကအေးတယ် မင်းရေတွေစိုနေတော့အအေးပတ်မှာပေါ့"

DON'TWhere stories live. Discover now