Second Meeting

2.4K 290 27
                                    

"ဟို..Jennieရှိလား..."

ကော်ဖီဆိုင်လာ၍ကော်ဖီမမှာဘဲ...
လူအားမေးနေသောLisaအားကြောင်တောင်တောင်နှင့်ကြည့်နေသောWaiterကောင်လေး..

"ဘယ်သူလဲဗျ..ဧည့်သည်က..."

"အော်...ကိုယ်ကJennieရဲ့အသိပါ.."

"ဟုတ်..သူဌေးကိုသွားခေါ်ပေးပါ့မယ်..."

ဆိုင်ရဲ့အပြင်အဆင်လေးသည်ချစ်ဖို့ကောင်းသကဲ့သို့ပင်..အပြာနုရောင်လေး၊အဝါနုရောင်၊ခရမ်းနုရောင်လေးတို့ဖြင့်ဆေးသုတ်ထားသည့်အပြင်..
Stickerအမြောက်အမြားသည်လည်းကပ်ထားသေးသည်..

ကလေးမကကလေးဆန်တဲ့အရာတွေကိုကြိုက်ပါလား...

"မင်းကိုး...ဘာကိစ္စရှိလို့လဲ.."

စားပွဲရှေ့သို့လာရပ်ကာပြောသည့်သူ့မစကားသည်..
ချိုမြိန်မည်ဟုထင်သောနှုတ်ခမ်းပါးမှကျလာသောရင့်ရင့်သီးသီးစကားတွေပင်..

ထိုရင့်သီးသည့်စကားများအားရင်ခုန်မိနေသည်ကိုတော့..သူမအားသိစေချင်မိပါသည်...

"ရင့်လှချည်လား..မနေ့ကဘဲ..အန်တီမိတ်ဆက်ပေးထားတယ်လေ...Lalisa Manoban...ကလေးမ'ခေါ်ချင်ရင်..မောင်လို့ခေါ်လို့ရတယ်.."

"အတင့်ရဲလိုက်တာ..ပါးကွဲချင်နေပြီထင်တယ်.."

တည်ငြိမ်စွာပြောသည့်ဒေါသစကားသည်လည်း..သကာရည်သကဲ့သို့ချိုမြလျက်ရှိပေသည်...

"စကားအေးဆေးပြောချင်လို့..အပြင်ခဏလောက်လိုက်ခဲ့ပါလား...Jane.."

သူမရှေ့ရှိနာမည်မျိုးစုံခေါ်နေသည့်သူ့အားမျက်စောင်းတို့လွှတ်ပစ်လိုက်၏...
ထိုသို့သူမအားရင်ခုန်အောင်ပြုနိုင်သည့်သူအားသူမမုန်းမိသကဲ့သို့ဖြစ်နေသည်..
သူမအချစ်အားလည်းအယုံအကြည်မရှိသကဲ့သို့..ဘဝတွင်ထိုသို့အချစ်သည်လည်းလိုအပ်သည်ဟုမထင်...

အချစ်'ဆိုသည့်အရာအားခံစားမိရင်၊တပ်မက်ခြင်းလောဘ၊ဝမ်းနည်းခြင်းနာမ်တစ်ခုသည်ပေါ်လာတော့မည်လေ..

"မင်းနဲ့တို့နာမည်အဖျားစွတ်ခေါ်ရလောက်တဲ့အထိ..မရင်းနှီးသေးဘူးထင်တယ်.."

"အခုရင်းနှီးချင်းအဆင့်တစ်ခုကိုတက်ရအောင်လေ..let's be friend.."

ကမ်းလာသောလက်အားမျက်ကွယ်ပြုသွားသည့်သူမနောက်ကျောပြင်အားကြည့်၍ပြုံးလိုက်မိသည်..

You've reached the end of published parts.

⏰ Last updated: Mar 25, 2022 ⏰

Add this story to your Library to get notified about new parts!

မောင့်ကလေးမ[Short Story]Where stories live. Discover now