episode 3

3.5K 118 0
                                    

အမုန်းရဲ့စည်းတစ်ဖက်ခြမ်း

အခန်း (၃)

ပျို အခန်းထဲက ထွက်လိုက်တော့ သူမအခန်း ဘေးက လသာဆောင် တံခါး တစ်ချပ်က ဖွင့်ဟလျှက်

အပြင်တစ်ယောက်ယောက်ရှိနေသည်ဆိုတာ ပျို သိလိုက်တယ်။ ဘယ်သူလဲဆိုတာသိချင်လို့ ခေါင်းလေးထွက်ကြည့်တော့ လက်ထဲက အငွေ့ တလူလူ ထနေတဲ့ ဆေးလိပ်ကို ကိုင်ထားသော သူမကိုကျောပေးရပ်နေသည့် သူ

ဘယ်သူလဲ ဆိုတာ ပျို သိပါသည်။
ကြီးမားကျယ်ပြန့်သော သူ့ကျောပြင်ကြီးကို ပျို ငေးကျိနေရင်း သူ့ ရဲ့ညှိုးနွမ်း‌နေတဲ့ စိတ်ခံစားချက်ကို သတိထားမိလိုက်တယ်။

ပျို သူ့ကို မျက်နှာမပြရဲပေ
ဟိုရက်က ဒုတိယထပ်ဧည့်ခန်းဆောင်မှာ ရှိနေတဲ့ သူ့မေမေရဲ့ ဓါတ်ပုံကြီး အရမ်းလှလို့ ပျို ငေး ကျိကာ ကြီးကြီးညိုနဲ့သန့်ရှင်းရေး ကူလုပ်ရင်း ထိုဓါတ်ပုံကြီး မတော်တဆ ကျကွဲသွားသည်။

ကြောက်စရာကောင်းလောက်အောင် ပေါက်ကွဲနေတဲ့ သူ့မျက်နှာမှာ ဒေါသအပြည့် နဲ့
မေမေက သူ ပျို့ ကို ဆူမှာစိုးလို့ မေမေ မတော်တဆလုပ်မိသွားတယ်ပြောတော့ သူတစ်အိမ်လုံးကို ဝုန်းဒိုင်းကျဲသွားတာ သူ့ကို ကြည့်ရင်း ပျို သိခဲ့တဲ့ ကိုကိုမှ ဟုတ်ရဲ့လားလို့တောင် ထင်မိသေးတယ်။

ဒီဓါတ်ပုံ ကိစ္စ က ပျို့ ကြောင့်ပါ မလိုအပ်ပဲ မေမေ့ကို သူ ပိုမုန်းတီးသွားတာမျိုး မလိုချင်

သူမ‌ အတွေးနဲ့ လသာဆောင် ဘက် ခြေလှမ်းဖို့ ပြင်လိုက် တွေဝေသွားလိုက် ဖြစ်နေတုန်း

သူ ဒီလှည့်လာတော့ ပျို ကျောက်ရုပ်လေး သဖွယ် သူ့ရှေ့မှာ ရပ်တန့် သွားလျှက်

ချမ်း သူမကိုမြင်တော့ မျက်မှောင်ကုပ်ကာ
လက်ထဲက စီးကရက်ကို အရန်သင့်တင်ထားတဲ့ ပြာခွက်ထဲသို့ ဖိချေ လိုက်၏။ မိုးပြာရောင် အပွင့်စိတ်လေးတွေရောထားတဲ့လက်ပြတ်ဂါဝန်လေးနဲ့ ဝင်းမွတ်နေတဲ့ လက်မောင်းသားဖွေးဖွေးလေးကလဲအထင်းသား မျက်မှန်ဝိုင်းလေးကြောင့် ပုံစံက အူကြောင်‌ေကြာင်ဖြစ်‌ နေပေမယ့် ကောင်မလေးပုံစံ ကချစ်စရာလေးပင်။ သူမကို သူ ကြည့်လိုက်ရင်း

On the other side of hatred {Complete}Where stories live. Discover now