part1

2K 164 1
                                    

unicode
ယောက်ဖတော်.. ၁

BL, Romance, Drama

"ဧကရာဇ် စစ်သူကြီးချူးမင် စစ်နိုင်ပြီး ပြန်လာပြီ"

"ဟုတ်လား.."

ငါက ဧကရာဇ်တစ်ပါး..။ ဒါပေမဲ့ အစ်ကိုကြီးကတော့ ငါ့ကို အမြဲတမ်း ထိန်းချုပ်မှု လွှတ်စေတာပါပဲ။ 

ငါ ကိုင်ထားတဲ့ စုတ်တံကို မြန်မြန်ချလိုက်တယ်။ ပြီးတော့ စာကြည့်ဆောင်ကနေ ခပ်မြန်မြန်ပြေးတယ်။ 

"‌မြောက်ဘက်တံခါးမှာလား..."

"ဟုတ်ပါတယ်.. ဒါပေမဲ့.."

အပါးတော်မြဲရဲ့လေသံက တိုးသဲ့သွားတယ်။ နောက်မှ တိုးတိုး ပြောလာတယ်။ 

"မင်းသမီးကြီးက ‌ရောက်နေပြီ"

ငါ့ခြေလှမ်းက တိခနဲ ရပ်သွားတယ်။ ပြီးတော့ ခပ်ဖြည်းဖြည်း လှမ်းတယ်။ 

"သူပဲလား.."

တီးတိုးပြောမိပေမဲ့ ငါ့မှာ အပြစ်မတင်နိုင်ဘူး။ တစ်ယောက်က ငါ့အစ်မ..။ တစ်ယောက်က ငါ့ယောက်ဖလောင်း..။ 

သူတို့ ဆုံတွေ့တာက မကောင်းတာ မရှိဘူး။ ဒါပေမဲ့...

ငါ့ယောက်ဖ ဆိုတာက ငါ အသည်းနင့်အောင် ချစ်ရတဲ့သူလေ။ သူကတော့ ငါ့အစ်မကို ချစ်တယ်။ ငါက သူ့ကို အစ်ကိုကြီးလို့ ခေါ်တယ်။ 

ငါ့အသက် ၈နှစ်မှာ ပုန်ကန်မှုတစ်ခု ဖြစ်ပွားခဲ့တယ်။ ခမည်းတော်က ငါ့ကို အမတ်အိမ်တော်တစ်ခုစီ ပို့ပေးခဲ့တယ်။ 

အဲဒီတုန်းက ခမည်းတော်က အားနည်းနေပေမဲ့ သူ့သားတော်ဖြစ်တဲ့ ငါ့ကိုတော့ ကာကွယ်ပေးနိုင်ခဲ့တယ်။ တခြားငါ့ထက် အသက်ကြီးတဲ့ ငါ့အစ်ကိုတော်တွေ အားလုံးနီးပါး သေဆုံးခဲ့တယ်။ ငါ့အစ်မတော်တွေလည်း တော်တော်များများ သေဆုံးခဲ့တယ်။ 

ပုန်ကန်မှုက မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ နန်းတော်က တော်တော်လေး ဖရိုဖရဲ ဖြစ်ပြီးတော့ ခမည်းတော်က ငါ့ကို အမတ်မင်းအိမ်တော်မှာပဲ ဆက်ထားခဲ့တယ်။ 

အမတ်မင်းချူးရဲ့ တရားမဝင်သားအဖြစ်နဲ့ မှတ်တမ်းကို လိမ်ထားတယ်။ 

ေယာက္ဖေတာ္ ( ယောက်ဖတော်)Where stories live. Discover now