part3

972 147 1
                                    

unicode

ယောက်ဖတော် -၃

မနက်လင်းတော့ သူက ခန်းမဆောင်‌ အရှေ့နားမှာ ငုတ်တုတ်လေး..။ ချီရွေ့က စောင်တွေ လာပို့ပေးထားတယ် ထင်ပါ့။ အပုံလိုက်နဲ့..။ 

အစ်မတော် ရောက်လာတော့မှာပဲ..။

"မင်းသမီးကြီး ကြွလာပါတယ်"

ချီရွေ့က ငါ့ကို ခပ်သုတ်သုတ် ပြင်ဆင်ပေးနေတုန်း မိန်းမစိုးတစ်ယောက်က တိုးတိုးလာပြောတယ်။ 

"ဝင်ခိုင်းလိုက်.."

ငါ့အစ်မတော်ကို ငါချစ်တယ်။ ငါ ငယ်ငယ်က နန်းတော်ပြင်ကို ခိုးထွက်တော့ အစ်မတော်က ငါ့ကို အပျိုတော်လို ဝတ်စေခဲ့တာ။ အစအဆုံး ကူပြီးတော့မှ သူမကကျ ငါ့အဝတ်အစားတွေနဲ့ ကျန်နေခဲ့တယ်။ 

အဲတုန်းကသာ ခမည်းတော်က ပုန်ကန်တာကို အဆုံးထိ မတားနိုင်ခဲ့ရင် ငါ့မှာအစ်မတော်ဆိုတာ မရှိတော့ဘူး။ ငါ့ကိုယ်စား သေဆုံးနှင့်လောက်တယ်။ 

ငါ နန်းတော်ကို ပြန်လာတော့ ငါ့အစ်မတော်က ငါ့ကို ဝမ်းသာအားရ လာကြည့်တယ်။ ပြီးတော့ ကောင်းကောင်းကြီးပြင်းလာတာ ကျေးဇူးပါလို့ ပြောပြီး အော်ငိုတော့တာပဲ။ 

ငါ နန်းတက်တော့ အနောက်နန်းဆောင်မှာ မိဘုရားမထားချင်တဲ့ ကိစ္စကို ငါ့အစ်မတော်ကပဲ စည်းမျဉ်းတွေ ရှာပြီး ထုံးတမ်းရှိတယ် ဆိုတဲ့ အချက်နဲ့ ငါ့ကို ကူညီခဲ့တာ။ 

ဒါပေမဲ့ ငါ့အစ်မတော်က နန်းတော်အရေးရော ညီလာခံအရေးပါ စိတ်မဝင်စားဘူး။ ငါ့အစ်မတော်က နန်းတော်အရေးရော ညီလာခံအရေးမှာပါ ဝင်ရှုပ်လေ့ မရှိဘူး။

မရှုပ်တဲ့အပြင် သူမက ငါ့ကို ခက်ခဲစေမှာ သိပ်စိုးရိမ်တာ။ ငါ့ဆီကနေ သူမ ချစ်တဲ့သူကိုပဲ လက်ထပ် လိုတယ်လို့ ပြောဖူးတယ်။ 

ငါ့အစ်မတော်က မချစ်ဖူးတာမျိုးတော့ မဟုတ်ဘူး။ သူမရဲ့ပထမဆုံး အချစ်က ကံဆိုးရုံပါပဲ။ သူမအနားကို အမတ်မင်းရဲ့သားက ချဉ်းကပ်ဖူးတယ်။ ဒါပေမဲ့ အဲဒီအမတ်မင်းမှာ ငယ်ချစ်လည်း ရှိပြီး ကလေးပါ တိတ်တခိုး ရှိသေးတာကို ငါက မဖော်ထုတ်ခဲ့ရင် ငါ့အစ်မတော်က အခုချိန်မှာ မပျော်မရွှင် ဖြစ်ရလောက်ပြီ။ 

ေယာက္ဖေတာ္ ( ယောက်ဖတော်)Nơi câu chuyện tồn tại. Hãy khám phá bây giờ